ဆေးဝါးနဲ့ ပတ်သတ်တဲ့အကြောင်းအရာလေးတွေကို မှတ်စုအနေနဲ့ ပြန်လည်ပြီး မျှဝေချင်တဲ့ ဆန္ဒကြောင့် ဖြစ်ပေါ်လာတဲ့ ဆိုဒ်ကလေးပါ။
အရူးလွယ်အိတ် လို့လည်း ခေါ်လို့ရပါတယ်။ ကဗျာလို့ခေါင်းစဉ်တပ်လို့မရတဲ့ တိုတိုထွာထွာစာလေးတွေအပါအ၀င် နှင်းစဉ်းစားမိတဲ့
အကြောင်းအရာလေးတွေကို ဒီဆိုဒ်လေးထဲမှာပဲ ချရေးမိပါတယ်။ ဆိုဒ်ကို နာမည်ပေးဖို့စဉ်းစားတဲ့အခါမှာတော့ ဆေးဝါးနဲ့ပတ်သက်ပြီး Crazy
ဖြစ်တဲ့ သူငယ်ချင်းတစ်ယောက်ကို သွားပြီး သတိရမိပါတယ်။ သွေးကင်ဆာနဲ့ လူ့လောကထဲက ထွက်ခွါသွားပြီဖြစ်တဲ့ နှင်းရဲ့သူငယ်ချင်း
တစ်ယောက်ကို သတိတရအနေနဲ့ သူပေးထားတဲ့ နာမည်လေးကို ဆိုဒ်ရဲ့ ခေါင်းစဉ်အဖြစ်ရွေးလိုက်မိပါတယ်။
သူငယ်ချင်းအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ။
~
~
~
နှင်းနုလွင် (ဆေးဝါး)
နာမည်ပေးသိပ်ကောင်းတာပဲ အမ ။ သက်ဆုံးနှင်းတဲ့….။ သူ…မရှိတော့ဘူး နော်…။
ဟုတ်တယ် ငါ့မောင်ရေ။
……သူကျောင်းပြီးပြီးချင်း လပိုင်းလောက်ပဲကြာတယ်။
……..သူကတော့ အေးချမ်းသွားပြီပေါ့။
အရည်အချင်းရှိတဲ့ မိန်ကလေးတစ်ယောက်နဲ့ 
ခင်မင်ခွင့်ရခဲ့တာကိုက အကို့ အတွက် တန်ဖိုးမဖြတ်နိုင်တဲ့အရာတစ်ခုပါ ညီမငယ်..
အမြဲ အားပေးနေမယ်..
ပထမဆုံး တောင်းပန်ပါရစေ -မနှင်းနုထံမှ ခွင့်ပြုချက်မတောင်းဘဲ “လျစ်လျူမရှုသင့်သော ခြေထောက်” ဘလော့ကို ကျွန်တော် memember ၀င်ထားသော http://www.forverfriends.ning.com တွင် သူငယ်ချင်းများ ဖတ်ရူနိုင်ရန်အတွက် ခွင့်တောင်းခြင်းမရှိဘဲ တင်ခဲ့မိပါသည်။နားလည် ခွင့်လွတ်ပေးစေချင်ပါသည်.ကျွန်တော့် email ပါထားခဲ့ပါသည် ။မနှင်းနုရေးသားထားသော ဘလော့(သို့) အတွေ့အကြုံ ကျန်းမာရေး လမ်းညွန်များကို ကျွန်တော်ဘလော့တွင် တင်ခွင့်ရလျင် တင်ပေးချင်ပါသည်။မနှင်းနုကို ဆက်သွယ်ရနိုင်မည့် email လည်း အဆင်ပြေလျင် သိချင်ပါသည်။ ကျေးဇူတင်လျက် (koannawa)annawahtunn@gmail.com
ဆရာမ ခင်ဗျား ကျွန်တော်က အပတ်စဉ်ထုတ်ပြည်တွင်းဂျာနယ်တစ်စောင်ဖြစ်တဲ့ Women’s World Journal ကပါ ကျွန်တော်တို့ ဂျာနယ်မှာ ဆရာမ ရဲ့ ပို့စ် တွေကိုဖော်ပြလိုပါတယ်။ အဲဒီ အတွက် ဆရာမ ကို ဆက်သွယ်နိုင်မဲ့ mail လိပ်စာ ကို သိလိုပါတယ်ခင်ဗျာ။ ကျွန်တော်ရဲ့မေလ်းက cougar.mol@hotmail.com ပါခင်ဗျာ။
လေးစားစွာဖြင့်
Women’s World