သက်ဆုံးနှင်း

ဒါးက (သို့) ကျွန်မရင်ရဲ့ စံပါယ်ပန်းလေး၊ ကျွန်မရင်ငွေ့နဲ့ အလှမ်းဝေးတာ ကြာလှပေါ့။

အချစ်ကိုကြောက်သူ June 28, 2010

Filed under: ရေးမိရေးရာ ကဗျာများ — thetsonehnin @ 10:17 AM

ဆန်ပေးရင် ဆေးရတဲ့ခေတ်ဆိုပေမယ့်
မေတ္တာပေးလို့ သစ္စာပြန်မရတာကို
ဒီဘက်ခေတ်မှာတော့ ထူးဆန်းတယ်လို့ သိပ်မထင်ကြဘူး။
ရှာဖွေလေ..တွေ့ရှိလေဆိုတာ
သိပ္ပံပညာတစ်ရပ်ဖြစ်နိုင်သလို
ပုံတူပွားနိုင်တဲ့ ချစ်ခြင်းဆိုတာလည်း ဖြစ်နိုင်ပါသတဲ့။
.

ထသွားထလာ အ၀တ်လဲရတာမှ
ကြာချင်ကြာဦးမယ်
“ထည်လဲ” ဆိုတာ
သူတို့ချွတ်ချခဲ့တဲ့
သံယောဇဉ်တွေပါတဲ့။

(ဒါဟာ)
ဒီခေတ်ရဲ့ အထာတစ်ခုဆိုရင်တော့
ကျွန်မဟာ တော်တော်ကို ပိန်းတဲ့မိန်းမတစ်ယောက်
(သို့မဟုတ်)
ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်တဲ့ခံစားချက်ဟာ
ကြွေလွယ်၊ နွမ်းလွယ်တဲ့ ပန်းတစ်ပွင့်…။

သူတို့အဆိုအရ
ချိုမြိန်လှပါတဲ့ မိုးခါးရေကိုကြောက်နေသမျှ
ရင်ခွင်ပျောက်သူရဲ့ ပန်းသီးတစ်လုံးဟာ
အုံ့ပုန်းအဖြစ်နဲ့ ထာဝရ
အမှည့်ကြွေ………….။

Advertisements
 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s