သက်ဆုံးနှင်း

ဒါးက (သို့) ကျွန်မရင်ရဲ့ စံပါယ်ပန်းလေး၊ ကျွန်မရင်ငွေ့နဲ့ အလှမ်းဝေးတာ ကြာလှပေါ့။

ထာဝရအရှုံး September 27, 2010

Filed under: ရေးမိရေးရာ ကဗျာများ — thetsonehnin @ 11:13 AM

ကောင်လေးရေ မာနကြီးတယ်ဆိုတာထက်
ဘ၀အရေးကို ဦးစားပေးနေရတဲ့ငါ
နင့်ကဗျာတွေကို ဥပက္ခာပြုခဲ့ပေမယ့်
မြင်တတ်မယ်ဆိုရင်
င့ါမျက်ဝန်းထက်မှာ
နင့် အရိပ်တွေ ယှက်နွယ်နေတာလေ…………

.
ကောင်လေးရေ မချစ်တတ်လို့တော့ မဟုတ်ပါဘူး၊
အချစ်ငတ်ခံရမယ့် ဇာတာရှင်မို့
ကံဇာတ်ဆရာရဲ့အလိုကျ
ဘ၀အမောတွေကြား ဟာသနှောလို့
အစုန်အဆန်မျောနေရသူပါ။
.

နှလုံးသားရဲ့ ဆန္ဒကိုချိုးနှိမ်
ဟန်ဆောင်တဲ့ စကားတွေ
တွင်တွင်သုံး
အမုန်းကြီးမုန်းစေပြီးကာမှ
အရှုံးကြီးရှုံးနေရတာ
ဒါရိုက်တာကြီး ငါပါပဲ….
.

နင်မဖတ်တတ်ခဲ့တဲ့ ငါ့ဘ၀စာမျက်နှာအဆုံးမှာ
ချစ်ခြင်းတရားကို မြေမြှုပ်
နာကျင်မှုတွေ ရင်မှာပွေ့
လူတွေကွယ်ရာ မျက်ရည်ခ
ကြယ်စင်တွေကတဲ့ ညရဲ့ကောင်းကင်ကိုထိုင်ကာငေး
အဖော်ဆိုတာ ခုထက်ထိမရှာသေးတာ
နင်သိမှာ မဟုတ်ဘူးနော်။

နှင်းနုလွင်
၂၅၊ ၀၁၊ ၂၀၁၀

Advertisements
 

One Response to “ထာဝရအရှုံး”

  1. Nay Says:

    မချစ်တတ်လို့တော့ မဟုတ်ပါဘူး။ အချစ်ငတ်ခံရမယ့် ဇာတာရှင်ပေမို့………..
    🙂

    How clever my sister is!


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s