သက်ဆုံးနှင်း

ဒါးက (သို့) ကျွန်မရင်ရဲ့ စံပါယ်ပန်းလေး၊ ကျွန်မရင်ငွေ့နဲ့ အလှမ်းဝေးတာ ကြာလှပေါ့။

သားချော့တေးထဲက မေမေ့အိမ် September 30, 2010

Filed under: ရေးမိရေးရာ ကဗျာများ — thetsonehnin @ 6:45 AM

ရွှေလမှာ ယုန်ဝပ်

ဘအဘိုးအို ဆန်ဖွတ်တဲ့မေမေ့အိမ်။

.

ထမင်းဆီဆမ်းကို

ရွှေလင်ပန်းနဲ့ကျွေးတဲ့ မေမေ့အိမ်။

.

မိတ္ထီလာကန်တော်အောက်

ဖားကောက်ခဲ့ဖူးတဲ့မေမေ့အိမ်။

.

လူကလေးရဲ့ အေးအေးအို

ရွေကြောင်အိုပင်မှေး တေးဆိုပေးတဲ့မေမေ့အိမ်။

.

ရွှေလရောင်ခေါင်မိုး

ထိုးပြန်ပေါ့ မေမေ့အိမ်။

.

ဟိုဘက်ကမ်းက မီးထိန်ထိန်၊

ဒီဘက်ကမ်းက မီးထိန်ထိန်၊

ဆီးမီးထိန်ထိန်လင်းနေတဲ့

မေမေ့ရဲ့အိမ်။

.

ရွှေချည်ငွေချည်သမ်းပါတဲ့

မေတ္တာကိုချီ တေးကိုသီ

ပန်းချီကျော်လက်မှိုင်ချတဲ့

မေမေ့အိမ်လေး။

.

မေမေ့အိမ်မှာလေ

စကားကို တေးလိုဆို

ကဗျာကို အပြုံးနဲ့စပ်

အင်း…..

မေမေ့ပါးတစ်ဘက်မှာလည်း

ပါးချိင့်နက်နက်လေးနဲ့ပေါ့။

.
နှင်းနုလွင်
၂၉၊ ၀၉၊ ၂၀၁၀

Advertisements
 

One Response to “သားချော့တေးထဲက မေမေ့အိမ်”

  1. Nay Says:

    I also miss my mom.


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s