သက်ဆုံးနှင်း

ဒါးက (သို့) ကျွန်မရင်ရဲ့ စံပါယ်ပန်းလေး၊ ကျွန်မရင်ငွေ့နဲ့ အလှမ်းဝေးတာ ကြာလှပေါ့။

အနံကြီး ကွင်းကျယ်နေ့ရက်များ October 19, 2010

Filed under: ရေးမိရေးရာ ကဗျာများ — thetsonehnin @ 9:33 AM

မလုံ့တလုံ့ဆက်ဆံရေးနဲ့
ဒူးပေါ်ပေါင်ပေါ် ပွင့်လင်းမှုများ။
.
အပါးစတွေနောက်ကွယ်က
အနက်ရောင် ယဉ်ကျေးမှုများ။
.
ချောင်ပိတ်ခံလိုက်ရသော
ဟီရိသြတ္တပများ။
.
ဆေးလိပ်ပြာလို အတောင့်လိုက် ကြွေကျသွားသော
ကိုယ်ချင်းစာစိတ်များ။
.
ကွမ်းလိုဝါးပြီး ကွမ်းလိုအထွေးခံခဲ့ရသော
ချစ်ခြင်းတရားများ။
.
နီယွန်မီးလုံးအောက်မှာ
အိုမင်းလာသော မိန်းမများ။
.
ယစ်မူးထုံထိုင်းလာသော
ယုံကြည်မှုများ။
.
အပျက်အပျက်နှင့်
ဂရုဏာဝေးခဲ့ရ နေ့ရက်များ။
.
…….များ
.
……………များ
.
…………………များ
.
……………………….များ
.
ခုပေါ်တဲ့ခေတ်ကို
.
ခုခါးပေါ်ကောက်တင်ပစ်တော့
.
၂၁ ရာစုဟာ အနံကျယ်သလိုလိုနဲ့
.
ကွင်းကျဉ်းလာခဲ့ပေါ့။
.

.

.

နှင်းနုလွင်
၁၉၊ ၁၀၊ ၂၀၁၀

Advertisements
 

5 Responses to “အနံကြီး ကွင်းကျယ်နေ့ရက်များ”

  1. အစ်မသိပ်တော်တယ် …။

    ဆေးလိပ်ပြာလို အတောင့်လိုက် ကြွေကျသွားသော
    ကိုယ်ချင်းစာစိတ်များ။ ( အင်း အဲဒီလိုကြွေကျသွားဖို့ ကျန်နေသေးတဲ့ ကိုယ်ချင်းစာစိတ်ကိုပဲ ကျေးဇူးတင်ရတော့မယ်..ကြွေကျစရာ ကိုယ်ချင်းစာတရားတောင် မကျန်မှာဆိုးတယ်..။။
    .
    ကွမ်းလိုဝါးပြီး ကွမ်းလိုအထွေးခံခဲ့ရသော
    ချစ်ခြင်းတရားများ။ (လူဆိုတာကိုယ့်ကိုယ်ကို သာအချစ်ဆုံးပဲ…ဒါပေမဲ့ တစ်ချို့သူများကြတော့ ကိုယ့်ကိုယ်ကို ပိုပြီးတော့တောင် ချစ်ကြသေးတယ်..)
    .
    နီယွန်မီးလုံးအောက်မှာ
    အိုမင်းလာသော မိန်းမများ။ ( အဟုတ်ပဲ ဗျို့……..။ ဒီ စာ သားကို တော့ အကြိုက်ဆုံးပဲ )

    ပျိုမျစ်နုနယ်သောအရာတွေကို ရှာဖွေရင်း….အိုမင်းလာနေကြသော ပုရိသများ လည်း အပုံပဲ ဗျို့

    အစ်မ ကိုဘယ်လို ချီးမွမ်းရမယ်မှန်းတောင်မသိတော့ဘူး…။

  2. နှင်းနုရေ ငါက ကဗျာတွေသိပ်မကြိုတ်ဘူး ဖတ်လည်းသိပ်မဖတ်ဖြစ်ပါဘူး။ နင့်ကဗျာကတော့ခေါင်းစဉ်ကတော့စွဲဆောင်မှုရှိတယ်။ အရမ်းကိုကြိုတ်တယ်။ တကယ်အမှန်ပဲ။ ကျေးဇူးပဲသူငယ်ချင်း

  3. အော်ကဗျာထဲမှာပါတဲ့အချက်အလက်တွေကိုလည်း 100% ထောက်ခံတယ်။ နင်အရမ်းတော်တယ်။ ကျန်ခဲ့လို့နော်။ ထပ်ရေးတာ။

  4. kay khaing Says:

    နှင်းနုရဲ့ ဒီကဗျာလေးနဲ့ သုတစာပေတွေကို အရမ်းကြိုက်ပါတယ်….နောက်လဲဒီထက်ပိုတဲ့
    ကျန်းမာရေး အသိပညာ အသစ်တွေကို အချိန်ရတိုင်းများများရေးပြီး မျှဝေနိုင်ပါစေလို့
    ဆန္ဒပြုလျှက် !!!!!!!

  5. aung aung Says:

    ကဗျာမှာလည်း မိုက်တယ်ဝေ့..


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s