သက်ဆုံးနှင်း

ဒါးက (သို့) ကျွန်မရင်ရဲ့ စံပါယ်ပန်းလေး၊ ကျွန်မရင်ငွေ့နဲ့ အလှမ်းဝေးတာ ကြာလှပေါ့။

မာရ်နတ်နှင့် မကင်းနိုင်သူများ November 8, 2010

Filed under: ရေးမိရေးရာ ကဗျာများ — thetsonehnin @ 5:33 AM

ဒီမှာကွဲ့
မင်းရင်ရဲ့ ဘယ်ဘက်တည့်တည့်
နှလုံးရဲ့အထက်နားမှာ ငါရှိတယ်။
.
ငါဟာ မုသားနဲ့မျက်နှာသစ်
မာယာနဲ့ပေါင်းတင်ပြီး
နံနက်ခင်းရဲ့ အစကို ဒေါ်လာနဲ့ဖွင့်တတ်သူ။
.
ကုန်းကြောင်းကိုးကျင်းသွား
ကုန်တိုက်နားမှာငါရှိတယ်။
ပန်းခြံထဲမှာ ငါရှိတယ်။
ရုံးခန်းတွေမှာ ငါရှိသလို
ဈေးဆိုင်ခန်းတွေကြားငါရှိတယ်။
.
ဂုဏ်ရှိသူတွေကြားမှာ
ငါဟာ ကဒ်ကစားတယ်။
အရပ်ထဲတော့ ကိုးမီးပေါ့။
.
လှုပ်လီလှုပ်လဲ့၊
မထိတထိနဲ့ ညုတုတုဟာ
ငါအကြိုက်ဆုံးဘာသာကွဲ့။
ကိုကိုရယ်၊ မောင်မောင်ရယ်
အဲဒီစကားတွေကို ငါ့အစား မင်းနားထောင်တာကွဲ့။
.
ဟောလီးဝုဒ်ကိုလည်း ငါကြိုက်တယ်။
ရှန်ပိန်နဲ့ကော့တေးကို နှစ်သက်တယ်။
ငါမှေးစက်ဖို့တစ်စုံတစ်ရာဟာ
အသပြာပါရင် ရနိုင်တယ်။
.
ဒီတော့ ငါအလှကြိုက်တယ်
မှေးမှေးစင်းနေတဲ့မျက်လုံးပေါ်က
တတန်းတည်း မျက်ခုံးတန်းလေးရယ်
လမ်းလျှောက်တိုင်း ဖွေးဖွေးလှုပ်တဲ့ခြေတံလေးရယ်…
ကလူ၏သို့ မြူ၏သို့ဆိုတဲ့ ရေမွှေးနံ့လေးရယ်

သူ့သီလတွေ မဖြောင့်တန်းရင်နေ
သူ့ဆံနွယ်လေး ဖြောင့်ဖြောင့်စင်းနေရုံနဲ့
င့ါဗီဇာဟာ သူမဆီ သက်တမ်းတိုးရတာပဲ။
.
မြို့ပြရဲ့နေဝင်ချိန်မှာ
ကျေးလက်ဘက်ကို ငါလွှင့်လာခဲ့တယ်။
စံပယ်လေးတွေ မခို့တရို့နဲ့
ဗေဒါရီတွေ ရေခပ်ဆင်းချိန်မှာ
ငါသက်ကြားအိုဟာ
ပုလွေမှုတ်ယောင်ဆောင်လိုက်တော့
ကျေးငှက်တွေ တအုပ်ပြီး တအုပ်ပျံသွားတယ်။
တကယ်တော့ သူတို့တွေဟာ
အားနာတတ်သူတွေရယ်ပါ။
.
ပြောရဦးမယ်
ငါဟာလေ
အားနာပါးနာကို သိပ်ကြိုက်တာ
အားနာပါးနာ စာရေးတဲ့သူ
အားနားပါးနာ လိုက်လျောသူ
အားနားပါးနာ ခွင့်ပေးသူ
အဲဒီလိုလူတွေ့ရဲ့ ဇရပ်မှာ ငါ့ဟာ မကောင်းချင်းတွေကို
ရဲရဲနီအောင် ပွင့်စေတတ်တယ်။
.
ဒီလောကထဲ ငါနဲ့ကင်းနိုင်သူရှိရင်
လက်ညှိုးထောင် မင်းဟာ
နှစ်တရာပြတိုက်အတွက်
ပထမဆုံးရုပ်ကြွင်းဖြစ်စေရမယ်။
.
တကယ်တော့ မင်းဟာ လူကောင်းလေးပါကွယ်။
နို့ပေမယ့်
မင်းရင်ခေါင်းထဲ ငါဝင်ခွေနေတော့
၃၈ ဖြာဟာ မင်းအတွက်တော့ မသတီစရာဖြစ်နေပေရဲ့။
.
ဟုတ်ပါရဲ့ကွယ်
မင်းဟာလည်း လူကောင်းပါ
သူကလည်း လူကောင်းပါ
ဒါပေမယ့်
ငါရှိနေသမျှတော့ မင်းတို့တွေဟာ
ဘယ်ခါမှ ကောင်းမယ်မထင်ဘူးကွယ်။
.
.
နှင်းနုလွင်
၁၈၊ ၁၀၊ ၂၀၁၀

Advertisements
 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s