သက်ဆုံးနှင်း

ဒါးက (သို့) ကျွန်မရင်ရဲ့ စံပါယ်ပန်းလေး၊ ကျွန်မရင်ငွေ့နဲ့ အလှမ်းဝေးတာ ကြာလှပေါ့။

လွမ်းဆွတ်ခြင်း မိနစ်များ November 11, 2010

Filed under: ရေးမိရေးရာ ကဗျာများ — thetsonehnin @ 3:08 AM

ရေးနေကြ နာမည်လေး

ဘယ်လက်နဲ့ ရွေ့ရေးလိုက်သလိုမျိုး

အိပ်ရာအပြောင်းအလဲမှာ အထာမကျသလိုမျိုး

ဝေးတဲ့နေရဲ့ ၀ါကျအထားအသိုဟာ

စနစ်တကျဖြစ်မနေဘူး။

.

တခုခုဆို သတိရနေမိတာ

တခုခုဆို ပြေးတွေ့ချင်မိတာ

တခုခုဆို ပြောပြချင်မိတာ

မိနစ်တိုင်းဟာ

တခုခုလျစ်ဟာလျက်။

.

ကိုယ့်စိတ်ကိုယ် ရှု့သမျှ

သူ့ ရယ်သံလေး တလွင်လွင်

လွမ်းဆွတ်ခြင်း ဒီဂရီမှာ

အပြိုင်းအရိုင်းလဲပြိုနေမှု

သူမရှိတဲ့ဆောင်းဟာ

နှင်းပွင့်တွေပိုပို ရှားပါးလာတယ်။

.

ကိုယ်တို့အရေးအသားတွေ နီးစပ်ခဲ့သမျှ

ရင်ဘက်ချင်းအစပ်အဟပ်တည့်ပါရစေ။

ကိုယ်ဟာ သူ့ကဗျာမှာ

ထာဝရဖူးပွင့်ခွင့်ရချင်သူ

ကိုယ့်တောလားမှာ

သူ့နာမည်တွေ

တတောလုံးဝေလို့။

….

ခရမ်းပြာလေးရေ…..

မတွေ့ရတဲ့ရက်တွေ

ကြယ်ကြွေနှုန်းတွေ ပိုမြင့်လာတယ်။

.

.

နှင်းနုလွင်

၁၁၊ ၁၀၊ ၂၀၁၀

Advertisements
 

One Response to “လွမ်းဆွတ်ခြင်း မိနစ်များ”

  1. အင်း ပိုလွမ်းအောင်လုပ်နေပြန်ပြီ


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s