သက်ဆုံးနှင်း

ဒါးက (သို့) ကျွန်မရင်ရဲ့ စံပါယ်ပန်းလေး၊ ကျွန်မရင်ငွေ့နဲ့ အလှမ်းဝေးတာ ကြာလှပေါ့။

မငြိမ်းသောမီးတိုင်လေး (သို့) မေမေ November 15, 2010

Filed under: ရေးမိရေးရာ ကဗျာများ — thetsonehnin @ 4:09 AM

ရင်ထဲထိလင်းတဲ့မီးတိုင်လေး
ရာသီမှန်မှန်တောက်ပခဲ့သမျှ
ဒီဖယောင်းသားဟာ
ဘယ်အခါမှ အရည်ပျော်မသွားဘူး။
.
အလင်းတိုင်လေးရဲ့ အလင်္ကာဆိုတာ
ပြာကျမသွားတဲ့ကြင်နာမှု
မှေးမှိန်မလာတဲ့ စီးဆင်းမှု၊
ရွှင်စေ လန်းစေ မုဒိတာတရားနဲ့
သူ့ဂရုဏာတွေ ဖားဖားဝေလို့။
.
လောကဒဏ်ရဲ့ ရိုက်ချက်
ခပ်ဆတ်ဆတ်လေးပုတ်ရုံလောက်နဲ့
အလင်းတိုင်လေးဟာ
အရောင်ပြောင်းလဲမလာဘူး။
.
ဘ၀တွေနေညိုညိုမှာ
မီးတိုင်လေးဟာ
ခမ်းခြောက်မလာဘူး။
.
သံသရာတစ်ဖက်ကမ်းအထိ
အတုမရှိလင်းတဲ့ မီးတိုင်လေး
ဘယ်ပန်းချီနဲ့ နွဲ့ကြမလဲ
ဘယ်စာသီလို့ ဖွဲ့ကြမလဲ။
.
ချစ်တဲ့အလင်းရောင်ရှင်ရယ်
(မနောဖြင့်)
လွန်ကျူးခဲ့လေသမျှ
ထိခြင်းငါးဖြာနဲ့ ရိုကျိုးလိုက်ပါတယ်။
.

ချစ်သောမေမေ၏ အသက် ၅၀ ပြည့်မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် စိတ်၏ကျန်းမာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက်။

.

နှင်းနုလွင်
၁၄၊ ၁၁၊ ၂၀၁၀

Advertisements
 

One Response to “မငြိမ်းသောမီးတိုင်လေး (သို့) မေမေ”

  1. ညီမလေးရေ
    သိပ်ကောင်းတဲ့ကဗျာလေးပါဘဲ
    ညီမမေမေလည်း ဖတ်ပြီးကြည်နူးနေမှာဘဲနော်…
    ညီမနဲ့ထပ်တူ ဆုတောင်းမိပါတယ်…
    ညီမမေမေ စိတ်၏ကျန်းမာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နဲ့ ပြည့်စုံချမ်းမြေ့စွာ နေနိုင်ပါစေလို့နော်….


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s