သက်ဆုံးနှင်း

ဒါးက (သို့) ကျွန်မရင်ရဲ့ စံပါယ်ပန်းလေး၊ ကျွန်မရင်ငွေ့နဲ့ အလှမ်းဝေးတာ ကြာလှပေါ့။

ယာဇ်ကောင်တို့၏ နောက်ဆုံးအသံများ November 19, 2010

Filed under: ရေးမိရေးရာ ကဗျာများ — thetsonehnin @ 3:04 AM

ကျနော်တို့အသွေး၊
ကျနော်တို့အသား၊
ကျနော်တို့ အသည်းများနဲ့
ခင်ဗျားတို့ရဲ့ အာသာရမ္မက်ကို ဖြေဖျက်နေလိုက်ကြတာ။
.

ခင်ဗျားတို့ဟာ
ခေတ်တစ်ခုရဲ့ ကာလာစုံထောင်ခြောက်ထဲမှာ
အရိုးဆွေးဝါဒတွေနဲ့ ပိတ်လှောင်ခံကြ
တငွေ့ငွေ့နဲ့ လှိုက်စားခံနေတဲ့ ယဉ်ကျေးမှုနောက်ကွယ်က
ခင်ဗျားတို့လူတွေရဲ့ ယုတ္တိဗေဒဆိုတာကို
ကျနော်တို့က ဘာသာဗေဒမဲ့စွာ လှောင်ရယ်ပြရလိမ့်မယ်။
.

ခင်ဗျားတို့ဗျာ
ကိုယ့်သားရဲတွင်းမှာ ကိုယ်ခွေ၊
ကိုယ့်အနာကို ကိုယ့်လျှာနဲ့လျက်ရင်း၊
ကိုယ့်အစွယ်ကို သူများမြင်သာအောင် ပြနေကြတာ
ဗျို့…ဆရာ
ကျနော်တို့ သေရေးထက်
ခင်ဗျားတို့နေရေးတွေ ပိုပိုခက်ခဲမနေဘူးလား။
.
ခင်ဗျားတို့
ဆင်မြန်းခဲ့သမျှ အာသီသတွေ၊
ရှုရှိုက်ခဲ့သမျှ ကြွယ်ဝမှုတွေ၊
ခြုံလွှမ်းခဲ့သမျှ ပကာသနတွေ၊
အဲဒါတွေကလေ
ဟော…ဟို…မှာ ချိတ်ထားတဲ့
ကျနော်တို့ရဲ့ လည်ပတ်လှလှလေးတွေလို
သေမိန့်မကျခင်မှာ ခင်ဗျားတို့ ခွာချခဲ့ရမယ့်အရာတွေလေ။
.
ခင်ဗျားတို့အလိုကျ
ကျနော်တို့ အသွေးအသားတွေ
ခမ်းခြောက်ပါစေ။
ကျနော်တို့ အရိုးတွေ
ဆွေးမြေ့ပါစေ။
ပူဇော်ပါတယ်၊
ပ သ ပါတယ်၊
ကျနော်တို့ရဲ့ နှလုံးသားများကို
ပျော်ပျော်ကြီး သုံးဆောင်နှင့်ပါ။
.
ခေတ်ရဲ့ လိုအပ်မှုဟာ
ရာနှုန်းပြည့် မုဆိုးစိတ်ဝင်တဲ့တနေ့၊
ခင်ဗျားတို့ အတ္တတွေ
ခင်ဗျားတို့ပြန်ခြုံမိတဲ့တနေ့၊
အဲ..တနေ့မှာ
ခင်ဗျားတို့ကိုယ်တိုင်လည်း
သားကောင် ဘ၀နဲ့
နေ၀င်ပြရပါလိမ့်ဦးမယ်။ ။
.

နှင်းနုလွင်
၁၈၊ ၁၁၊ ၂၀၁၀

Advertisements
 

2 Responses to “ယာဇ်ကောင်တို့၏ နောက်ဆုံးအသံများ”

  1. ညီမလေး
    အဲဒီလူတွေရဲ့ သားကောင်ဘ၀ အမြန်ဆုံးရောက်ပါစေလို့
    ခံပြင်းစိတ်တွေနဲ့ ဆုတောင်းမိတယ်..

  2. အင်း…..
    ယာဇ်ကောင်တွေကို သနားလိုက်တာ အစ်မရယ်…။

    ဒါထက်….ယာဇ် သူတွေ ကို ပိုလို့သနားမိပါတယ်…။


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s