သက်ဆုံးနှင်း

ဒါးက (သို့) ကျွန်မရင်ရဲ့ စံပါယ်ပန်းလေး၊ ကျွန်မရင်ငွေ့နဲ့ အလှမ်းဝေးတာ ကြာလှပေါ့။

အဖြူရောင် အိတ်ဖွင့်စာ ၁ November 26, 2010

Filed under: ရေးမိရေးရာ ကဗျာများ — thetsonehnin @ 4:32 AM

လျှောက်ဖူးခဲ့သမျှ
အတိုဆုံးနဲ့ အရှည်ဆုံးလမ်းကလေး
အဖြူရောင်ရနံ့တွေ ဖုံးလွှမ်းရာ
သံယောဇဉ်တနံတလျားမှာ
စိန်ပန်းနီနီတွေဟာ
သတိရတိုင်း ဖူးပွင့်ဝေဆာဆဲပေါ့။
.
ဒီလမ်းထက်က
ခပ်တိုးတိုးရယ်သံဟာ
ကျနော့်သစ်ရွက်တွေကို
တစ်ခက်ချင်း လှုပ်ခတ်လို့
သူ မသိအောင်
ကြွေခဲ့သော ကျနော့်ကဗျာတွေ
နင့်နင့်နည်းနည်း ပွင့်ခဲ့ရာလမ်းကလေး။
.
မျက်နှာဝိုင်းဝိုင်းလေး
ရယ်သံမို့မို့လေး
စူးစူးရှရှမွှေးတဲ့ ပွင့်လင်းခြင်းတွေနဲ့
ကာလသုံးပါးတိုင်း
ရုပ်နာမ် နှစ်ပါးတို့ဖြင့်
လွမ်းဆွတ်မိရာလမ်းကလေး။
.
သစ်ကိုင်းသစ်ခက်မှာ
တစွန်းတစတင်နေတဲ့
လရိပ်လေးတွေအတိုင်း
လွမ်းဆွတ်မှုဟာ
အဖုံးရ အဖိရခက်ခဲစွာ
နေ့စေ့လစေ့
တမ်းတမိတဲ့ဝေဒနာပေါ့။
.
ဘယ်လိုဆုတောင်းမျိုးနဲ့မှ
မပစ်မှားရက်တဲ့ ပါးပြင်လေး
ဒီဆောင်းလေးအတိုင်း အေးမြနေမလား။
နင်ရယ် ငါရယ်ပြောခဲ့တဲ့နှုတ်ခမ်းပါးလေး
ကပိုကရိုနေ့စွဲများနှင့်တကွ
တစ်ဘ၀စာ လွမ်းဆွတ်နေမိတယ်။ ။ ။
.
နှင်းနုလွင်
၂၅၊ ၁၁၊ ၂၀၁၀

Advertisements
 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s