သက်ဆုံးနှင်း

ဒါးက (သို့) ကျွန်မရင်ရဲ့ စံပါယ်ပန်းလေး၊ ကျွန်မရင်ငွေ့နဲ့ အလှမ်းဝေးတာ ကြာလှပေါ့။

“ဒီမြေဟာ ငါတို့ကို လိုအပ်နေတယ်” November 26, 2010

Filed under: ရေးမိရေးရာ ကဗျာများ — thetsonehnin @ 4:32 AM

ငါတို့ ဆန့်တန်းနိုင်သမျှထက်
ငါတို့ လက်တွေပိုဆန့်တန်းဖို့လိုအပ်တယ်ဆိုတာ၊
.
ငါတို့ လျှောက်ခဲ့သမျှ ခြေလှမ်းတွေထက်
ငါတို့ ပိုပြီး ကျဲကျဲလှမ်းဖို့လိုအပ်တယ်ဆိုတာ၊
.
ငါတို့ ကြားနေကျ အသံတွေထက်
ငါတို့နားတွေ ပိုစွင့်ထားဖို့လိုအပ်တယ်ဆိုတာ၊
.
ငါတို့သွားနိုင်သမျှထက်
ငါတို့တွေ ပိုပြီးဝေးဝေးပြေးဖို့လိုအပ်တယ်ဆိုတာ၊
.
ငါတို့ မြင်နိုင်သမျှထက်
ငါတို့ပိုပြီး စူးစိုက်ကြည့်ဖို့လိုအပ်တယ်ဆိုတာ၊
.
ငါတို့ကိုလိုအပ်တဲ့ ဒီမြေဟာ
သားချော့တေးရဲ့ အဝေးမှာရှိနေလို့၊
ငါတို့ကိုလိုအပ်တဲ့ ဒီမြေဟာ
အဖရင်ငွေ့ရဲ့ အဝေးမှာရှိလို့၊
သူတို့ရဲ့ အာဟာရဟာ
ဆုတောင်းသံတွေနဲ့ ဝေဖြာနေလို့ပေါ့။
.
ဒီမြေဒီရေဟာ
ငါတို့ရဲ့ ခွန်အားတိုင်းကြောင့်
ပိုပြီး တင့်တယ်လာနိုင်တယ်။
ဒီမြေဒီရေမှာ
ငါတို့စိုက်ပျိုးပေးနိုင်သမျှထက်
ငါတို့ပိုပြီး ပွင့်လန်းပေးရမယ်။
.
ငိုသံမဟုတ်တဲ့
ရှိုက်သံတွေကိုကြားနိုင်ဖို့အတွက်ရယ်၊
.
မလန်းသေးတဲ့ပန်းတွေ
မညှိုးနွမ်းစေဖို့အတွက်ရယ်၊
.
ငါတို့ရင်ဘက်ကို
ဒီထက်ပိုပြီး
ကျယ်ကျယ်ဖွင့်ထားဖို့လိုအပ်တယ်။
.
.
နှင်းနုလွင်
၂၁၊ ၁၁၊ ၂၀၁၀
(မိဘမဲ့ကလေးများဂေဟာသို့ သွားရောက်ခဲ့သောနေ့)

Advertisements
 

2 Responses to ““ဒီမြေဟာ ငါတို့ကို လိုအပ်နေတယ်””

  1. ဇော်မျိုးထက် Says:

    လိုအပ်တယ်…သိပ်လိုအပ်တယ် ။
    ငါးကိုပေးနိုင်ရုံနဲ့ မကျေနပ်နဲ့ ။။
    ငါးကို လည်းပေးရမယ် ။ ငါးမြှားနည်းကိုလည်း ပေးကြ မယ် ။ ပိုက်ကွန်ပါ လက်ဆောင်ပေး နိုင်ရမယ် ။

  2. ကိုဦး Says:

    ကဗျာလေးက အရမ်းကောင်းတယ်။


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s