သက်ဆုံးနှင်း

ဒါးက (သို့) ကျွန်မရင်ရဲ့ စံပါယ်ပန်းလေး၊ ကျွန်မရင်ငွေ့နဲ့ အလှမ်းဝေးတာ ကြာလှပေါ့။

”ကျန်းမာသော ကိုယ်ဝန်ဆောင်မှုဖြစ်အောင်………” November 30, 2010

၁။ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အစားအစာတွေကို စားသုံးပါ။

အသီးအရွက်တွေကို မိမိပုံမှန်စားသောက်နေကျ ပမာဏထက် ပိုစားပေးဖို့လိုအပ်ပါတယ်။ လတ်ဆတ်တဲ့ဟင်းသီး ဟင်းးရွက်များ၊ ပဲအမျိုးမျိုး၊ အမျှင်ဓါတ်ကြွယ်ဝတဲ့ အစားအစာတို့ကို ဦးစားပေးစားသင့်သလို ပရိုတင်းကိုလည်း ဖြည့်စွက်စား ပေးရပါမယ်။ ပြုပြင် ပြောင်းလဲထားတဲ့အစားအစာ၊ ဆီကြော်မုန့်၊ အမြန်စာ တို့ကို ရှောင်ဖို့လိုအပ်ပါတယ်။

~

 

၂။ ကိုယ်ဝန်မယူခင်၊ ကိုယ်ဝန်ဆောင်ချိန်တွေမှပါ ဖောလစ်အက်ဆစ်ကို ဖြည့်စွက်သောက်ပေးပါ။


ပဲတောင့်ရှည်၊ ပဲကြီး၊ ရွှေပဲသီး၊ ချဉ်၍အရည်ရွှမ်းတဲ့အသီးတွေ၊ အစိမ်းရောင်အရွက်မျိုးမျိုး၊ ပန်းဂေါ်ဖီစိမ်းတို့ကနေ ဗီတာမင် တစ်မျိုးဖြစ်တဲ့ ဖောလစ်အက်ဆစ်ကို ရနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်မယ့်အမျိုးသမီးတစ်ယောက်မှာ ဖောလစ် အက်ဆစ်သာ ချို့တဲ့ခဲ့ရင် မွေးလာတဲ့ကလေးမှာ အာခေါင်ကွဲခြင်း၊ နှုတ်ခမ်းကွဲခြင်း၊ ခါးရိုးဖုခြင်းတို့ကို ခံစားရတတ်ပါတယ်။ ကိုယ်ဝန်ဆောင် စဉ်ကာလမှာ ချို့တဲ့ခဲ့ရင်လည်း သန္ဓေသားဖွံ့ဖြိုးမှု၊ အချင်းဖွံ့ဖြိုးမှုတွေ နှောင့်နှေးလာတတ်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်မယ့် အမျိုးသမီးတစ်ယောက်ဟာ ဆရာဝန်နဲ့တိုင်ပင်ပြီး ဖောလစ်အက်ဆစ်တွေကို ဖြည့်စွက် သောက်ပေးသင့်ပါတယ်။

~

၃။ အရက်၊ ကော်ဖီနဲ့ ဆေးလိပ်တို့ကို ရှောင်ပါ။


ကိုယ်ဝန်ဆောင်ထားတဲ့အမျိုးသမီးတစ်ယောက်ဟာ သူကိုယ်တိုင် ဆေးလိပ်သောက်ထားလို့ပဲဖြစ်ဖြစ်၊ တခြားသူသောက်တဲ့ ဆေးလိပ် ငွေ့ကို ရှုမိရင်ပဲဖြစ်ဖြစ်၊ သူတို့ ခန္ဓာကိုယ်ထဲကို နစ်ကိုတင်းဝင်သွားရင် မွေးလာတဲ့ကလေးတွေဟာ ကိုယ်အလေးချိန်ပေါင်မ ပြည့်ဖြစ်တတ်ပါတယ်။ ဆေးလိပ်လိုပဲ အရက်နဲ့ကဖင်းကလည်း ကလေးကို အန္တရာယ်ဖြစ်စေတာကြောင့် ရှောင်ဖို့လိုအပ်ပါတယ်။

~

၎။ တိရစ္ဆာန်မှရသော အဆီတို့ကို ရှောင်ပါ။


ဝက်ဆီအပါအဝင် တိရစ္ဆာန်မှရတဲ့ အဆီအားလုံးအပြင် တိရစ္ဆာန်တွေရဲ့ အရေခွံ၊ ပြန်ကြော်ဆီတွေကိုပါ ရှောင်ဖို့ လိုအပ်ပါတယ်။ ငါးဟာ ကိုယ်ဝန်ဆောင်သည်တွေအတွက်လိုအပ်ပေမယ့်လည်း တချို့ငါးတွေကြောင့် ပြဒါးအဆိပ်သင့်နိုင်ပါတယ်။ နို့နဲ့ နို့ထွက်အစားအစာ တွေကို စားသုံးတဲ့အခါမှာလည်း အဆီထုတ်ထားတဲ့အမျိုးအစားတွေကို ရွေးချယ်စား သောက်တာက ပိုပြီး သင့်တော်ပါတယ်။

~

၅။ ရေသန့်ရှင်းမှုရှိအောင် ဂရုစိုက်ပါ။


မသန့်ရှင်းတဲ့ရေမှာပါဝင်တဲ့ ပိုးမွှားတွေကြောင့် အော့အန်ခြင်း၊ ဝမ်းလျှောခြင်းကနေ အစာအဆိပ်သင့်တဲ့ လက္ခဏာတွေ အထိဖြစ်နိုင် ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ခရီးသွားရင် ဒီလိုမျိုး ပြဿနာတွေ ပိုဖြစ်နိုင်တာကြောင့် သောက်သုံးရေ သန့်ရှင်းမှုကို အထူးသတိထားဖို့လိုပါတယ်။

~

၆။ ပလတ်စတစ်အသုံးအဆောင် ပစ္စည်းတွေကို သတိထားပြီး အသုံးပြုပါ။


တချို့ပလတ်စတစ် ပစ္စည်းတွေထဲက Chemicals တွေဟာ ထည့်ထားတဲ့ အစားအသောက်တွေထဲကို ဝင်ရောက် လာနိုင်ပါတယ်။ အဲဒီလိုမျိုးဝင်ရောက်မှုများလာရင် ကလေးငယ်ရဲ့ ကိုယ်လက်အင်္ဂါဖွံ့ဖြိုးမှုကနေ ဥာဏ်ရည်ဥာဏ်သွေးအထိ အဟန့်အတားဖြစ် လာနိုင်ပါတယ်။ အဆီ၊ အငန်၊ အချဉ်ထည့်ထားတဲ့ ပလတ်စတစ်တွေမှာ အဖတ်ကွာတာ၊ အရောင်ကွက် လာတာမျိုးတွေ ကြုံလာခဲ့ရင်တော့ အဲဒီပစ္စည်းတွေကို ဆက်ပြီး မသုံးသင့်တော့ပါဘူး။

~

၇။ အသုံးအဆောင်ပစ္စည်းတချို့ကို လျော့သုံးပါ။

အလှအပအတွက် အသုံးပြုကြတဲ့တချို့ပစ္စည်းတွေမှာပါဝင်တဲ့ Chemicals တွေဟာ ကလေးငယ်တွေမှာ ဟော်မုန်း ပြောင်းလဲမှု ဖြစ်စေပြီး ကြီးထွားဖွံ့ဖြိုးမှုကို နှောင့်နှေးစေပါတယ်။ အရည်အသွေးနိမ့်တဲ့ တချို့ ပစ္စည်းတွေမှာ ပါဝင်တဲ့ Chemicals တွေကြောင့် ကင်ဆာရောဂါ၊ အသိဥာဏ်ချို့တဲ့မှုတို့ကိုပါ ကြုံတွေ့ရတတ်ပါတယ်။ ကလေးရော မိခင်အတွက်ပါ စိတ်ချရတဲ့အသုံးအဆောင် ပစ္စည်းတွေဖြစ်အောင် သက်ဆိုင်ရာကျွမ်းကျင်ပညာရှင်တွေနဲ့ တိုင်ပင်သင့်ပါတယ်။

~

၈။ သန့်ရှင်းရေးလုပ်တဲ့အခါ Chemicals တွေကို ရှောင်ပါ။

မိမိအိမ်ကိုသန့်ရှင်းရေးပြုလုပ်ဖို့အတွက် Chemicals တွေကိုသာ အားကိုးအားထားပြုနေဖို့မလိုပါဘူး။ ကြေးချွတ်ဖို့ အတွက်ဆိုရင် မုန့်ဖုတ်ဆိုဒါနဲ့ ရှာလကာရည်တို့ကို အသုံးပြုနိုင်ပါတယ်။ တခြား ပစ္စည်းတွေအတွက်လည်း အချဉ်သီးလိုမျိုး သဘာဝနည်းလမ်းတွေကို အသုံးပြုနိုင်ပါတယ်။

.

.

နှင်းနုလွင် (ဆေးဝါး)

Good Health Journal

 

Advertisements
 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s