သက်ဆုံးနှင်း

ဒါးက (သို့) ကျွန်မရင်ရဲ့ စံပါယ်ပန်းလေး၊ ကျွန်မရင်ငွေ့နဲ့ အလှမ်းဝေးတာ ကြာလှပေါ့။

ကိုယ်ရေးအကျဉ်း December 2, 2010

Filed under: ရေးမိရေးရာ ကဗျာများ — thetsonehnin @ 5:31 AM

1986 ခု၊ ဇန်န၀ါရီလ 25 ရက်

တဖောက်ဖောက်ကြွေတဲ့ နှင်းစက်သံဟာ
အပ် ၂ စင်း ထိခတ်သံကို ဖုံးလွှမ်းသွားချိန်
အညတရရဲ့ ကြမ္မာဟာ
ဇာတာ နက္ခတ်အပြည့်အ၀နဲ့
အပြေးလမ်းမပေါ်သက်ဆင်းခဲ့ရ
မယဉ်မရိုင်းတေးသွားတွေနဲ့
ပျံသန်းခြင်းကို အစပျိုးခဲ့ညနေတွေ။

ပျံတယ်၊
ခပ်နိမ့်နိမ့်ပျံတယ်၊
နည်းနည်းလေးမြင့်အောင် ပျံတယ်။

ကျတယ်။
ခပ်ဖြေးဖြေးချင်းကျတယ်။
မြည်သံပါအောင်ကျတယ်။

အကြိမ်ကြိမ်လဲတယ်။
အခါခါပြန်ထတယ်။
ဌာနေချစ်တဲ့ငှက်မှာ
အရောင်ရိုးရိုးလေးနဲ့အိပ်မက်တွေရှိတယ်။

ပျံသန်းခြင်းရဲ့ သီအိုရီမှာ
ဒူပေဒဏ်ပေ
တေလေဘ၀ကစပြီး
အနာဂတ်တွေကို
ထုတ်ပိုးရင်း၊
ပျံသန်းရင်းနဲ့
ရိုးရိုးလေး ၂၀၀၂ ရဲ့
မညှာမတာ ဇူလှိုင်မိုးစက်တွေအောက်မှာ
ပြေးလမ်းကို ၉၀ ဒီဂရီတိတိ
ထောင့်ချိုးကွေ့လိုက်ရတယ်။

အဲဒီမိုးစက်တွေနောက်မှာ
တချို့တံခါးပေါက်တွေ
အလိုလို ပိတ်သွားတယ်။

တချို့ပြတင်းပေါက်တွေ
အလိုလို ပွင့်အာလာတယ်။

မြင်နေကျ မျက်နှာတချို့ဟာ
ပိုပိုပြီး အေးစက်လာ၊
သွေးသားတော်စပ်မှုဟာ
ဟာသမြောက်ဆုံးပန်းချီကားတစ်ချပ်ဖြစ်လာတယ်။

ငှက်ငယ်ရဲ့ကောင်းကင်မှာ
တချို့ဒေသတွေ တိမ်ထူထပ်ခဲ့ပြီး
တချို့မျက်နှာတွေ ပက်ကြားအက်လာတယ်။

ထိစပ်လာသမျှ
ငွေရောင်တောက်ပတဲ့တိမ်တွေ
ခရမ်းပြာရောင်တိမ်လိပ်တွေနဲ့
ကြည်ကြည်နူးနူး နားခိုချင်စရာ
မိုးပြာရောင် တိမ်စိုင်လေးတွေ
စိတ်ရောကိုယ်ပါ မျောခွင့်ရှိရင်
တိမ်စိုင်တခုခုပေါ်နားဖြစ်မယ်ထင်တယ်။

ခပ်ဝေးဝေးရောက်အောင်ပျံရင်း
ချစ်ခြင်းတရားမှာ
ပါးပြင်တစ်ဝက်က စိုစွတ်ပြီး
ပါးပြင်တစ်ဝက်က သွေ့ခြောက်လာ
ရယ်မောခြင်းမှာ
တိုးတိတ်စွာနဲ့
ကြေကွဲခဲ့ရနေ့ရက်တွေများလာတယ်။

ပျံ
ရင်ဘက်မပါဘဲ ပျံ
ဦးနှောက်အတိုင်း ပျံ
နည်းနည်းမြင့်အောင်ပျံ
ကောင်းကင်ကျယ်ဆီရောက်အောင်ပျံ…

သူ
ဘယ်ဆီကိုရောက်မလဲ
ဘယ်ဆီမှာ နားမလဲ။
သူရဲ့ ပြေးလမ်း
ဘယ်ကာလမှာ အဆုံးသတ်မလဲ။
ဘယ်သူက အနီးစပ်ဆုံး
ခန့်မှန်းနိုင်မလဲ။ ။

နှင်းနုလွင်
၁၊ ၁၂၊ ၂၀၁၀

Advertisements
 

3 Responses to “ကိုယ်ရေးအကျဉ်း”

  1. ချော Says:

    ညီမရဲ့ ကဗျာတွေ အားလုံးကြိုက်တယ်
    စာလုံးတွေက ကျစ်လျစ်ပြီး အဓိပ္ပါယ်ပြည့်ဝတယ်..
    တော်လိုက်တာ တကယ်ချီးကျူးတယ်

  2. thetsonehnin Says:

    အော်အော်…ငါ့မောင်လေး…ပင်ပန်းနေဦးမယ်နော်။ ကော်မန့်ကို စဉ်းစားရတာ။ ပြောရင်လည်း ဆင်ခြေက အပြည့်။။။။။

  3. What a enjoyable and lovely poem of her own brief auto-biography !

    It is composed of beautiful words , condensed , clear and smooth .

    You , my dear sis , are very brilliant !

    keep on going …..!


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s