သက်ဆုံးနှင်း

ဒါးက (သို့) ကျွန်မရင်ရဲ့ စံပါယ်ပန်းလေး၊ ကျွန်မရင်ငွေ့နဲ့ အလှမ်းဝေးတာ ကြာလှပေါ့။

ဇာတ်ခုံပေါ်က ဗေဒါများ December 10, 2010

Filed under: ရေးမိရေးရာ ကဗျာများ — thetsonehnin @ 3:36 AM

ကားလိပ်တခု အတင်အချမှာ
ပထမ မျက်နှာဖုံးကိုခွာ
ဒုတိယ မျက်နှာအတွက်ပြင်
အချယ်အသပေါ်မူတည်ပြီး
ကိုယ်စီကိုယ်စီဟာ ဇာတ်လိုက်ဖြစ်မယ်။
ကိုယ်စီကိုယ်စီဟာ “မိုက်” ကိုင်ဖြစ်မယ်။
ကိုယ်စီကိုယ်စီဟာ ငိုချင်းချဖြစ်ကြလိမ့်မယ်။
~~

ဒီပြဇာတ်မှာ
တေမိဇာတ်ထုပ်မပါတော့
ကြားလား..
အသံတွေ၊ အသံတွေ
တချို့တလေက
ရိုးရိုးလေးပြောတယ်၊
တချို့ကတော့
အထာလေးနဲ့ ပြောတယ်၊
ဇာတ်ကတာပဲအေ။
ရယ်သံလေးတော့ခင်းဦးမှပေါ့။
~~
ဟောဒါက တစ်ကိုယ်တော်
ဟောဒါက အော်ပရာ
ဟောဒီလိုဆိုရင် နှစ်ပါးခွင်
အချိန်တောင် အတော်လင့်ရော့မယ်။
ဆိုင်းနောက်ထအတွက်
ပြင်ကြပါဟဲ့၊
ဆင်ကြပါဟဲ့၊
ရောင်နီတောင် သမ်းတော့မယ်
ငိုချင်းချနေရုံနဲ့ မပြီးသေးဘူး။
~~
ကဲ..ကဲ..ကဲ
ဇာတ်ဆရာရေ
ဗေဒါတွေ ရေမှာလွင့်မယ်
ဆိုင်း သံ စုံ ဖွင့်။ ။ ။

နှင်းနုလွင်

၀၉၊ ၁၂၊ ၂၀၁၀

Advertisements
 

One Response to “ဇာတ်ခုံပေါ်က ဗေဒါများ”

  1. ဟုတ်သားနော်
    ငိုချင်းချနေလို့ချည်း ဘယ်ပြီးမလဲ.. ရယ်သံလေး ခင်းတာတော့ နားဆင်ချင်ပါသေးတယ်..
    ကိုယ့်ဇာတ်ကို ကိုယ်ဖန်ပြီး ကိုယ့်ဖဲကိုယ်ချိုးထားတာမျိုးတော့ ပျင်းစရာကောင်းပါတယ်..


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s