သက်ဆုံးနှင်း

ဒါးက (သို့) ကျွန်မရင်ရဲ့ စံပါယ်ပန်းလေး၊ ကျွန်မရင်ငွေ့နဲ့ အလှမ်းဝေးတာ ကြာလှပေါ့။

ကဗျာတွေပွင့်ဖို့ ဘယ်သူ့ကိုစောင့်ရမလ December 13, 2010

Filed under: ရေးမိရေးရာ ကဗျာများ — thetsonehnin @ 5:44 AM

ဟိုခပ်ဝေးဝေးမှာ
ပွင့်လန်းနေတဲ့ ကြယ်လေးတွေ
ဖြိုးတိုးဖျောက်တောက်ကြွေတဲ့ လရိပ်တွေ
ပုစဉ်းရင်ကွဲသံလေးတွေကအစ အားကျစရာ။
အဲဒီလို နှလုံးသားတွေ ခြေခင်းလက်ခင်းသာတဲ့အခါ
ညင်သာတဲ့ ကဗျာတစ်ပုဒ်တော့
ညီမလေး ရေးခွင့်ရတယ်မဟုတ်လား။
.
နားနေကျ သစ်ကိုင်းလေးထက်မှာ
ဆိုနေကျ သီချင်းလေးညည်းတော့
သစ်ရွက်ကလေးတွေ
ရိုးရာမပျက်ကြွေသွားတာ
အဲဒီနွေဦးကရော
ညီမလေး ..ရေးခွင့်ရှိတဲ့
ကဗျာတစ်ပုဒ်ပဲ မဟုတ်လား။
.
ညီမလေးရဲ့အဖွဲ့အနွဲ့ဟာ
မြန်မာမလေးလို သိမ်မွေ့ဟန်ရှိသလို
တခါတလေတော့
ဥရောပသွေးလို
ရဲရင့်သွက်လက်တဲ့ဟန်လည်း ရှိလိမ့်မယ်။
ဆိုပေမယ့်
ခြံစည်းခွထိုင်တဲ့ ယဉ်ကျေးမှုမျိုးတော့
ညီမလေး ကာရံမစပ်ယူချင်ဘူး။

.
သိစေချင်တာကို ပွင့်ပွင့်လင်းလင်းသိစေ
မြင်စေချင်တာကို ထင်ထင်ရှားရှားမြင်စေ
အဲဒီလိုလှစ်ဟာမှု စေတနာနဲ့
ညီမလေးရဲ့အရေးအသားဟာ
အစ်ကိုတစ်ယောက်အမြင်မှာတော့
သိပ်ပြီးတော့ အဖော်သရုပ်တွေ များနေမလားပဲ။
.
“ကလေးက ကလေးလို နေရမယ်”
ညီမလေးကျွမ်းကျင်ရာ
ကတ်ထူဖုံး ၂ခုကြားက
ပုံသေနည်းထဲမှာသာ
ညီမလေး ကျင်လည်ရမယ်ဆိုရင်
ညီမလေး ပိုင်ဆိုင်လာမယ့်
ဂုဏ်သရေရှိ ဆုလက်ဆောင်ဟာ
ပါကင်လှလှထုပ်ပိုးထားတဲ့
ဗလာ အခင်းအကျင်းဖြစ်နေမယ်ဆိုတာ
အစ်ကိုလည်း ခန့်မှန်းမိမှာပါလေ။
.
အစ်ကိုဆုံးမဖူးသလို
တနေ့နေ့မှာ ညီမလေးဟာ
ဒုတိယမြောက် မာဂရက်မီရှယ် ဖြစ်လာနိုင်တယ်ဆိုရင်
ညီမလေးလက်နဲ့ ဗင်ဂိုးရဲ့
နေကြာပန်းတွေကို ဆွတ်ခွင့်ရှိတယ်ဆိုရင်
ညီမလေးရဲ့ကောင်းကင်မှာ
ယောနသံ ဇင်ယော်လေးပျံသန်းနေတယ်ဆိုရင်

.
အခုညီမလေး ရပ်နေရတာ
ဘယ်သူ့ရဲ့ ဖွင့်လှစ်မှုကို စောင့်စားဖို့လဲ။
.

.

နှင်းနုလွင်
၂၀၊ ၁၁၊ ၂၀၁၀

Advertisements
 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s