သက်ဆုံးနှင်း

ဒါးက (သို့) ကျွန်မရင်ရဲ့ စံပါယ်ပန်းလေး၊ ကျွန်မရင်ငွေ့နဲ့ အလှမ်းဝေးတာ ကြာလှပေါ့။

“လမ်းမပေါ်က လက်ကမ်းစာရွက်လေးများ” December 13, 2010

Filed under: ရေးမိရေးရာ ကဗျာများ — thetsonehnin @ 6:01 AM

 

နှုတ်ခမ်းသားအောက်ကိုစွေသွားတဲ့

နှုတ်ခမ်းနီရာကလေးလို

သူတို့ရဲ့ အစွန်းကွက်ကလေး

ဘယ်သူ ကူဖျက်ပေးမလဲ။

~

ထိမိရှမိတဲ့နောက်မှတော့

သူတို့စိတ်ကို သူတို့အရိပ်ရှင်းဖို့ခက်နေမလား။

ခေါက်ခေါက် သိမ်းပါများတော့

သူတို့မှာ အိပ်မက်ရှိကြောင်းမေ့နေမလား။

~

သူလိုငါလိုပါပဲ

သူတို့လည်း သားကောင်းမိခင်ဖြစ်နိုင်တာပဲ။

သူလိုငါလိုပါပဲ

သူတို့လည်း အိမ်ဦးနတ်ကို ကြိုချင်မှာပဲ။

အရောင်ရိုးရိုးလေးနဲ့

သူတို့ရိုးမြေကျကို ခြယ်သချင်မှာပဲ။

~

အဖော်..အဖက် ယဉ်ကျေးမှုမှာ

သူတို့တွေဟာ

လိပ်ကလေးတွေလို ခေါင်းဝှက်ထားချင်မှာပဲ။

သန့်သန့်ရှင်းနေတဲ့ နာမည်အရင်းလေးကို

တစ်ယောက်ယောက်က ခေါ်သံကြားချင်မိမှာပဲ။

တလက်လက်လင်းတဲ့ မီးရောင်အောက်မှာ

သူတို့ခန္ဓာရဲ့ တနေရာရာကို

ပြုပြင်ချင်ကြမှာပဲ။

သူသူငါငါနဲ့ မတူခဲ့တာ

သူတို့ရဲ့ ဘ၀ပေးကြောင့်ပါလို့

မ၀ံ့မရဲခေါင်းရှောင်ကြည့်ချင်မိမှာပဲ။

~

အဲဒီ ရနံ့မပါတဲ့

ညမွှေးပန်းလေးတွေဟာ

လူရှေ့သူရှေ့မှာ

ဟန်ကျပန်ကျ ပွင့်လန်းပြဖို့

လမ်းလယ်ခေါင်မှာ

လေ…တိုက်….တိုင်း လွင့်လို့။

~

~

နှင်းနုလွင်

၁၃၊ ၁၂၊ ၂၀၁၀

Advertisements
 

2 Responses to ““လမ်းမပေါ်က လက်ကမ်းစာရွက်လေးများ””

  1. အောင်ပိုင် Says:

    ရောက်လာခဲ့တယ်နှင်းရေ ရောက်လာခဲ့ကြောင်း သက်သေမှတ်ချက်လေးပေးတွားတယ်နော်
း)))))))))))))))))))×-

  2. zawmyohtet Says:

    အင်း အဲလို ညမွှေးပန်းလေး တွေ ရှိမှာဖြစ်သလို….. မက်လို့ ဆက်လက်ကူးခပ်နေသူတွေလည်း အများကြီးပဲ…

    စီးပွားရေးကြောင့် ဖြစ်နိုင်ပေမဲ့….စီးပွားရေး ကောင်းမွန်နေလည်း ဆက်ရှိနေမှာပဲ လေ ..

    လူ့ လော ဘ ဘယ်မှာကုန်မှာလဲလေ။


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s