သက်ဆုံးနှင်း

ဒါးက (သို့) ကျွန်မရင်ရဲ့ စံပါယ်ပန်းလေး၊ ကျွန်မရင်ငွေ့နဲ့ အလှမ်းဝေးတာ ကြာလှပေါ့။

မြစ်ဆုံမရှိတဲ့ ပင်လယ် December 15, 2010

Filed under: ရေးမိရေးရာ ကဗျာများ — thetsonehnin @ 7:06 AM

ဒီအရပ်မှာတော့ ဒီလိုပါပဲ။

ဒီလိုပါပဲ ဆိုတာက ဒီအတိုင်းပဲလို့ပြောချင်တာ

မသိမသာခြားတဲ့ နံရံကို

ထိုးဖောက်မထွက်ဖို့

သိသိသာသာကို တားမြစ်ခြင်းခံထားရတယ်။

နှိုင်းရသီအိုရီအတိုင်း

ဒီဇင်ဘာမျက်ဝန်းမှာ ခြိမ်းသံမပါဘဲ

အထင်အရှားကို မိုးရွာတယ်။

မျက်လုံးအရောင်အမျိုးမျိုးနဲ့

ဒီပင်လယ်ကို ဖွင့်လှစ်ကြည့်ချင်သူတွေ

လာလာမမေးနဲ့

ကိုယ့်အကြောင်းကိုယ်မတွေးချင်လို့

ကိုယ့်လက်မောင်း ကိုယ်ခေါင်းအုံး

ကိုယ့်ကျောကိုယ်ခင်းပြီး

အိပ်မက်တွေ စင်းစင်းသေစေခဲ့ပြီးတာ။

ဒီပင်လယ်ဟာ

ရေပြင်ဆိုတာထက်

အမြင်ထက် ပိုနက်ရှိုင်းတယ် ဆိုတာထက်

အဲဒီထက်ပိုပြီး

ဘယ်သူတစ်ယောက်ကမှ

လေးလေးနက်နက် ဖတ်ခွင့်မရဘူး။

တခြမ်းပဲ့ဂီတအကြောင်းကိုတော့

နားဆင်ဖူးသူတွေသိလိမ့်မယ်။

ကမ္ဘာက ကမ္ဘာဆန်ဆန် သရုပ်ပြမှတော့

ငါတို့ကလည်း လူသားဆန်ဆန် အသည်းကွဲပြမယ်

ကျောက်ခေတ်တည်းက ထွန်းကားတဲ့ယဉ်ကျေးမှုဆိုတော့လည်း

အဲဒီပါဒက ပြောင်းလဲပေးရခက်တယ်။

~~
~~

နှင်းနုလွင်
၁၄၊ ၁၂၊ ၂၀၁၀

Advertisements
 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s