တစ်နှစ်ပတ်လုံး ဆင်ခဲ့မြန်းခဲ့
နွမ်းသည်လည်းရှိ
လန်းသည်လည်းရှိ
ပကတိတန်းဖိုးမပျောက်သေးတဲ့
ဟောဒီ ၀တ်ရုံလွှာလေး
စနစ်တကျ ခေါက်သိမ်းလိုက်ရအောင်
ခမျာ
ပင်ပန်းလွန်းခဲ့ပြီမလား။
ငိုပါရှိုက်ပါများလို့
မျက်ဝန်းလေးလည်း မို့ခဲ့ရ
ရယ်ရယ်မောမောနဲ့
ပျော်ခဲ့ရတာတွေရှိနေရ
သူ့ကောင်းကင်မှာ
ဆင်ခြင်တုံငှက်လေးတွေ
အားသွန်ခွန်စိုက် ပျံသန်းဖူးမှာပေါ့။
ဘ၀လည်းမမြင်
ဘ၀င်လည်းမမြင့်
ရိုးရိုးကျင့်လို့
သူသူငါငါကို
အတင့်ဆန်းစေခဲ့ပြီးပြီ။
အိုနာသေဘေး
ခပ်နာနာတွေး
ဆွေးချက်တွေ မပြယ့်တပြယ့်
ဆေးချက်တွေ ရေးရေးခြယ်ရင်း
ဘ၀ ဘ၀တွေ
(သူ)က
အသစ်ဖြစ်စေပြီးပြီ မဟုတ်လား။
ကောင်းသည်လည်းရှိ
ဆိုးလည်းရှိ
ငါတို့၊ သူတို့တွေ
သူ့ဝမ်းကြာတိုက်မှာ
စနစ်တကျ သန္ဓေတည်ခဲ့ပြီးပြီပဲမဟုတ်လား။
သူမှားကောင်းမှားခဲ့ဖူးတာတွေရှိရဲ့
ကျားကုတ်ကျားခဲနဲ့
သူ့အသက်သူ
တခက်တခဲဆယ်ယူခဲ့တယ်မှတ်
ခု သူ
ငါတို့အပါးက
မဆုံသောလမ်းနဲ့
ထာဝရ လက်ပြရတော့မယ်။
ကဲ
သူ့ကျေးဇူးတွေကိုတမ်းတ
သူ့ဆွတ်ပျံဖွယ်ရာကို ပြန်နမ်းရှိုက်ရင်း
မျက်စိကို ခဏမှိတ်
သူ့ထွက်ခွာမှုကို
အလေးအနက်ပြုလိုက်ရအောင်
နှုတ်ဆက်ခြင်း ဒီဇင်ဘာရဲ့ ည ၁၂ နာရီတိတိ။
နှင်းနုလွင်
31၊ 12၊ 2010
ညီမရေ
နှစ်သစ်မှာ ပျော်ရွှင်ပါစေ
အရာရာအဆင်ပြေပါစေ
ဆန္ဒအားလုံးပြည့်ဝပါစေနော်…