သက်ဆုံးနှင်း

ဒါးက (သို့) ကျွန်မရင်ရဲ့ စံပါယ်ပန်းလေး၊ ကျွန်မရင်ငွေ့နဲ့ အလှမ်းဝေးတာ ကြာလှပေါ့။

ဥယျောဇဉ် June 26, 2010

အနန္တမေတ္တာရှင်များသို့

~~~~~~~~~~~~~~

လူလားမြောက်အောင် မွေးဖွားပေးခဲ့သည့်အပြင် ပညာရည်နို့သောက်စို့ခွင့်ရစေခဲ့သော

အနန္တကျေးဇူးရှင် ဖေဖေ၊ မေမေတို့ကို ကျေးဇူးတင်စွာဖြင့် ဦးထိပ်ထားလျက်

 

 

အဓိဌာန်ပြု ကတိသစ္စာ
~~~~~~~~~~~~~~

ကမ္ဘာတစ်လွှားကျော်ကြားခဲ့သောသမားဟူးရားကြီးများအား သက်သေထား၍ အကျွန်ုပ်သည် ဤအဓိဌာန်ပြု ကတိစ္စာကို ရွတ်ဆို သစ္စာပြုပါအံ့။

(၁) အကျွန်ုပ်သည် လူသားအားလုံးတို့၏ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာရေးကို အကျွန်ုပ်၏ အေ၇းကဲ့သို့ယူဆပါအံ့။

~

(၂) အကျွန်ုပ်သည် ဆေးဝါးသိပ္ပံပညာကို သင်ကြားပေးခဲ့သော ဆရာသမားများအား မိဘသဖွယ် ကိုးကွယ်ပါအံ့။

~

(၃) အကျွန်ုပ်သည် ဆေးဝါးသိပ္ပံပညာရှင်များ၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းပြီး အကျင့်စာရိတ္တပျက်ပြားမှုမှ ရှောင်ကြဉ်ပါအံ့။

~

(၄) အကျွန်ုပ်သည် ဘေးအန္တရာယ်ကင်းရှင်း၍ အစွမ်းအာနိသင်ထက်မြက်သော စံချိန်စံညွှန်းမီ ဆေးဝါးများကိုသာ ဖော်စပ် ထုတ်လုပ် ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း ပြုပါအံ့။

~

(၅) အကျွန်ုပ်သည် လူသားတို့အား ဘေးဥပဒ်ဖြစ်စေမည့် ဆေးဝါးများ၊ သေစေတတ်သည့်ဆေးဝါးများကို ကိုယ်တိုင်ပေးခြင်းမှ လည်းကောင်း၊ သူတစ်ပါးအားလည်း ပေးစေခြင်းမှလည်းကောင်း အခါခပ်သိမ်း ရှောင်ကြဉ်ပါအံ့။

~

(၆) အကျွန်ုပ်သည် တရားမ၀င်သော ဆေးဝါးများ ဖော်စပ်ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းမှ အမြဲတစေ ရှောင်ကြဉ်ပါအံ့။

~

(၇) အကျွန်ုပ်သည် အများပြည်သူတို့နှင့် ဂိလာန ပုဂ္ဂိုလ်များအား ဆေးဝါးဖြန့်ဖြူးရောင်းချစဉ် ကြားသိရသည့် အတွင်းရေး ကိစ္စအ၀၀ကို ဖွင့်ဆိုအပ်သည်တို့မှလွဲ၍ မည်သည့်အခါတွင်မဆို ဖွင့်ဟခြင်းမှ ရှောင်ကြည်ပါအံ့။

~

ယခုကတိသစ္စာပြုသည့်အတိုင်းဆောင်ရွက်ပါသော် အကျွန်ုပ်သည် ကောင်းကျိုးမင်္ဂလာ အဖြာဖြာနှင့် ပြည့်စုံပါစေ။

~

~

~

ဆေးဝါးတက္ကသိုလ်မှ ဆရာ၊ ဆရာမများအားဦးခိုက်လျက်

နှင်းနုလွင် (ဆေးဝါး)


 

 


 

 

 




.

If we are to make progress, we must not repeat history but make a new one.

.

-Mahatma Gandhi-

 

3 Responses to “ဥယျောဇဉ်”

  1. အောင်ပိုင် Says:

    သေသေသပ်သပ်စနစ်တကျလုပ်တတ်တယ်နော် တော်တယ်သူငယ်ချင်းကး)

  2. Ko Ki Says:

    တော်တယ်အေ့ တကယ်..။

  3. nyithu Says:

    မနှင်းကဗျာတွေနဲ့ ယဉ်ပါးကြည်မွေ့နေသူ ပရိသတ်တစ်ဦးပါ
    ခုမှ အမှတ်မထင် ပုံကိုတွေ့လိုက်တော့ မှင်တက်မိသွားတယ်
    (သက်တူ ရွယ်တူ အလတ်မ တူမအရင်းနဲ့ ချွတ်စွပ်တူနေတယ်)
    Anyway , go on, cheers


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s