သက်ဆုံးနှင်း

ဒါးက (သို့) ကျွန်မရင်ရဲ့ စံပါယ်ပန်းလေး၊ ကျွန်မရင်ငွေ့နဲ့ အလှမ်းဝေးတာ ကြာလှပေါ့။

”စကားကြွယ်တဲ့ကလေးတွေ” February 1, 2011

Filed under: ကလေးသုတ — thetsonehnin @ 10:21 AM
Tags:

ကလေးတွေဟာ သူတို့မိခင်ဘာသာစကားကိုမပြောဆိုနိုင်ခင်ကတည်းက ဗလုံးဗထွေးနဲ့  ဝူးဝူးဝါးဝါးပြောဆိုနေတတ်ပါပြီ။  ဒီအရွယ်မှာ ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ကလေးတွေရဲ့ စကားသံတွေဟာ တူညီကြပါတယ်။ ယေဘူယျအားဖြင့်တော့ ဦးနှောက်ဖွံ့ဖြိုးမှုမြန်တဲ့ အသက် ၃ နှစ်အတွင်းမှာ ကလေးတွေဟာ စကားသံတွေကိုစတင်သင်ယူတယ်လို့ ဆိုကြပါတယ်။ အဲဒီအချိန်မှာ ကလေးတွေရဲ့ စကား သံဖွံ့ဖြိုး မှုဟာ သူတို့ပြောတဲ့ စကားပေါ်မှာ မူတည်နေပါတယ်။ ကလေးတွေပထမဆုံးပြောတဲ့ စကားဆိုတာဟာ သူတို့နှုတ်ကနေ ထွက်ပေါ်လာတဲ့ စကားကို ပြောတာမဟုတ်ပါဘူး။ သူတို့ကိုမွေးဖွားပြီး အချိန်ပိုင်းအတွင်းမှာ ကိုယ်ဟန်အမူအရာနဲ့ပြောတဲ့ ကလေးတွေရဲ့စကားသံဟာ ထွက်ပေါ် လာတတ်ပါတယ်။ သူတို့ခံစားရတဲ့ကြောက်ရွံ့မှု၊ ဆာလောင်မှု၊ အလိုမကျမှု၊ တစ်ခုခုကို လိုချင်မှုတို့လိုမျိုး စိတ်ခံစားမှုတွေကနေ ပြုံးတတ်ခြင်း၊ မျက်နှာရှုံ့မဲ့ခြင်း၊ ငိုခြင်း၊ တွန့်လိမ်ပြခြင်းတို့ကို ပြုလုပ်တတ်ပါတယ်။ မိဘတွေကတော့ သူတို့ကလေးတွေရဲ့ ငိုသံအမျိုးမျိုးကို သရုပ်ခွဲနိုင်ပါလိမ့်မယ်။ ကလေးတစ်ယောက်နဲ့ တစ်ယောက်ဟာ စကားပြောဖွံ့ဖြိုးမှုနေရာမှာ ကွာခြားမှုတွေရှိနေပေမယ့် ယေဘူယျအားဖြင့် တူညီမှုတွေကိုတော့ အောက်မှာ ဖော်ပြထားတဲ့အတိုင်းခွဲခြားသိနိုင်ပါတယ်။

 

(က) အသက် ၃ လ
ဒီအရွယ်ရောက်နေတဲ့ကလေးတစ်ယောက်ဟာ မိဘတွေစကားပြောတဲ့အချိန်မှာ မျက်နှာကို လိုက်ပြီးကြည့်နေတတ်ပြီး မိဘတွေ ပြောတဲ့အသံကို လိုက်နားထောင်နေတတ်ပါတယ်။ အဲဒီလိုပဲ အိမ်အနီးပတ်ဝန်းကျင်ကထွက်လာတဲ့ ဆူညံသံ၊ သာယာသံ၊ သီချင်းသံတွေဆီကို ဦးခေါင်းလေးလှည့်ပြီး နားထောင်နေတတ်ပါတယ်။ ကလေးအများစုဟာ ယောကျာ်းလေးတွေအသံထက် အမျိုးသမီးတွေရဲ့အသံကို ပိုနှစ်ခြိုက် တတ်ကြပြီး မိခင်ရဲ့ဝမ်းဗိုက်ထဲမှာ နေခဲ့စဉ်က ကြားခဲ့ရတဲ့အသံမျိုးကို သဘောကျတတ်ကြပါတယ်။ အသက် ၃ လ ပြည့်ပြီးရင်တော့ သူတို့ဟာ ကြည်နူးဖွယ်အသံလေးတွေကို သီချင်းသဖွယ် အသံပြုတတ်လာကြပါတယ်။

 

(ခ) အသက် ၆ လ
အသက် ၆ လ ရောက်ရင်တော့ ကလေးတွေဟာ စတင်ပြီး ဗလုံးဗထွေးပြောတတ်လာပါပြီ။ “”ဘဘ”” ”“မမ”” ဆိုတဲ့စကားတွေကို ခေါ်စပြုလာပါပြီ။ အသက် ၆ လကျော်လာရင်တော့ သူတို့ရဲ့နာမည်ကို သူတို့ဘာသာ အသိအမှတ်ပြုတတ်လာပြီး သူတို့ရဲ့ ဘာသာစကား ကိုလည်း နားလည်လာစပြုလာပါပြီ။ သူတို့ခံစားနေရတဲ့ ပျော်ရွှင်မှု ၊ဝမ်းနည်းမှုတွေကို ဘယ်လို အသံပြုရမလဲဆိုတာကို သိလာကြပါပြီ။ သူတို့ဟာ စကားသံတွေကို စပြုလာပေမယ့် အဓိပ္ပါယ်ကိုတော့ တိတိကျကျမသိသေးပါဘူး။

 

(ဂ) အသက် ၉ လ
အသက် ၉ လပြည့်ပြီးသွားတဲ့ကလေးတွေဟာ “”ဟင့်အင်း”” “”တာ့တာ့”” တို့လိုမျိုး ရိုးရှင်းတဲ့ တချို့စကားလုံးတွေကို နားလည်စ ပြုလာပါပြီ။ သံနေသံထား၊ ညီညီညာညာနဲ့ ပြောရမယ့် စကားတွေကို ရွတ်ဆိုစပြုနေပါပြီ။

 

(ဃ) အသက် ၁၂ လ
သူတို့ပြောဆိုနေတဲ့ မေမေ၊ ဖေဖေတို့လိုစကားလုံးတွေအပါအဝင် ရိုးရှင်းတဲ့ စကားတွေရဲ့ အဓိပ္ပါယ်ကို နားလည်နေတတ်ပါပြီ။ မိဘပြောလိုက်တဲ့အသံအနေအထားအလိုက် အမိန့်ပေးတာလား၊ ဆူတာလား၊ ချီးမွမ်းတာလားဆိုတာကိုပါ သိနားလည်ပြီး တုံ့ပြန်တတ်နေပါပြီ။

 

(င) အသက် ၁၈ လ
ဒီအရွယ်ဆိုရင်တော့ အနည်းဆုံး စကားလုံး ၁ဝ လုံးလောက်ပါတဲ့ ဝါကျတိုတိုလေးတွေကို ပြောတတ်နေပါပြီ။ သူတို့အနား ကသူတွေကို နာမည်အလိုက်ညွှန်ပြခြင်း၊ အရာဝတ္ထုများ၊ ခန္ဓာကိုယ်အစိတ်အပိုင်းများကို ညွှန်ပြခြင်းတို့ကို လုပ်တတ်နေပါပြီ။ မိဘတွေပြော လိုက်တဲ့ စကားသံတွေကို အပြည့်အစုံမဟုတ်တောင် သူတို့နားလည်သလိုလေး အတုခိုးပြီး အသံပြန်ပြုတတ်နေပါပြီ။ အသက် ၂ နှစ်နောက်ပိုင်း ရောက်လာရင်တော့ သူတို့ဟာ ဝေါဟာရတွေ ပိုကြွယ်လာပါတယ်။

 

”ကလေးတွေကို စကားတတ်အောင်သင်ပေးနိုင်သလား”

ကလေးတွေဟာ သူတို့ဘာသာစကားကို သေသေချာချာ မပြောတတ်ခင်ကတည်းက လူကြီးတွေ ဘာပြောလဲဆိုတာကို နားလည်နေပါပြီ။ သူတို့ဟာ စကားလုံး ၂၅ လုံးလောက်ကိုသိပေမယ့် ၁ လုံး၊ ၂ လုံးလောက်ကိုသာ ထုတ်ပြီး သုံးတတ်ကြပါသေးတယ်။ အဲဒီအချိန်မှာ ကလေးတွေ စကားပိုပြောအောင် မိဘမောင်နှမတွေက ကူညီပေးလို့ရပါတယ်။

 

(က) စောင့်ကြည့်ပါ။
ကလေးတွေဟာ သူတို့ကို ချီစေချင်တဲ့အခါမှာ လက်နှစ်ဘက်ကို မြှောက်ပြတာ၊ သူတို့ကစားချင်တဲ့အရုပ်ကိုလိုချင်ရင် လက်ညှိုးထိုးညွှန်ပြတာ၊ သူတို့ဗိုက်ပြည့်သွားတဲ့အခါမှာ စားနေတဲ့အစားအစာတွေကို လွှတ်ချလိုက်တာမျိုးကို ပြုလုပ်တတ်ကြပါတယ်။ ကလေးတွေဟာ အဲဒီလိုမျိုး နှုတ်ထွက်စကားသံမပါဘဲအမူအရာနဲ့ စကားပြောဆိုလာတဲ့အခါမှာ သူတို့ကိုကြည့်ပြီး ပြုံးဖြစ်အောင် ပြုံးပြလိုက်ပါ။

 

(ခ) နားထောင်ပါ။
ကလေးတွေ မပီမသ စကားပြောတဲ့အခါမှာ သူတို့ပြောတာကို နားထောင်ပြီး သူတို့ပြောသလို ပြန်ပြောကြည့်ပါ။ မိဘက သူတို့ပြောသလို လိုက်ပြောတယ်ဆိုတာကို သိရတဲ့အခါမှာ ကလေးတွေကလည်း မိဘတွေစကားပြောတဲ့အခါမှာ သူတို့ကြားတဲ့အတိုင်း ပြန်ပြောကြပါလိမ့်မယ်။ သူတို့ပြောတာကို စိတ်ရှည်ရှည်နဲ့ နားထောင်ပေးပြီး စကားများများပြောကြည့်ပါ။

 

(ဂ) ချီးမွမ်းပါ။
ကလေးတွေ စကားပြောတဲ့အခါမှာ သူတို့ရဲ့ အသံနေအသံထားအလိုက်အတိုင်း အံ့သြတကြီးဟန်ပြပါ။ ကလေးတွေပြောတာကိုစိတ်ဝင်စား ဟန်ပြပါ။ ကလေးတစ်ယောက်စကားပြောတတ်ဖို့ဟာ အနားပတ်ဝန်းကျင်နဲ့လည်း သက်ဆိုင်ပါတယ်။ ကလေးတွေနဲ့ စကားများများပြောလေ အဲဒီကလေးဟာ စကားမြန်မြန်တတ်လွယ်လေပါပဲ။

 

(ဃ) စီကာပတ်ကုံးပြောပါ။
ကလေးတွေဟာ စားပွဲခုံပေါ်က တစ်ခုခုကို လက်ညှိုးထိုးပြတဲ့အခါမှာ သူတို့လိုချင်တဲ့ ပစ္စည်းကို လွယ်လွယ်ကူကူမပေးပါနဲ့။ သူတို့လိုချင်တာကို ကိုင်ပြီး ”“ဒီ အရုပ်ကိုပြောတာလား””၊ “”ဒါက ခါးတယ်နော်”” ဆိုပြီးပြောပြတဲ့အခါ ကလေးတွေဟာ ရုပ်ဝတ္တုပစ္စည်းတွေနဲ့ အသံတွေကို တွဲမှတ်မိလာပါလိမ့်မယ်။ “”ကြက်သားကို မျှင်စားရမယ်”” “”သားသားအတွက် အဝတ်တွေလျှော်ထားတယ်”” ဆိုတာလိုမျိုး ပြောပြရင် ကလေးဟာ အပြုအမူကိုပါ တွဲသိလာပါလိမ့်မယ်။

 

(င) ကလေးတွေကို အချိန်ပေးပါ။
ကလေးတွေ ဘာတွေပြောတယ်ဆိုတာကို နားမလည်ရင်တောင်မှ ဆက်ကြိုးစားပါ။ အချိန်ယူပြီး ကလေးတွေနဲ့ အတူကစားပါ။ ကစားတာဟာ စကားအပြောအဆိုကိုသာမက ပေါင်းသင်းဆက်ဆံဖို့ပါ အစပြုပေးရာရောက်ပါတယ်။ ကလေးတွေကို စာအုပ်ဖတ်ပြပါ။ ဒီလိုဆိုရင် ကလေးတွေဟာ စကားလုံးတွေကို ပိုပြီးသိလာပါလိမ့်မယ်။

 

 

နှင်းနုလွင် (ဆေးဝါး)

Good Health Journal

 

ရင်သွေးငယ်တို့အတွက် လျှပ်တစ်ပြက်ကုထုံးများ September 28, 2010

Filed under: ကလေးသုတ — thetsonehnin @ 10:03 AM
Tags:

ချော်လဲခြင်း သို့မဟုတ် လမ်းပေါ်၌ ရုတ်တရက် ဒဏ်ရာရခြင်းတို့ ဖြစ်ပေါ်ခဲ့လျှင်

(က) ခေါင်း၊ ကျောရိုးနှင့် လည်ပင်းတို့၌ ဒဏ်ရာရရှိခြင်းသည် အလွန်ပင် အန္တရာယ်ရှိပါသည်။ ထိုနေရာတို့သည် အာရုံကြောများ ဆက်သွယ်မှုအတွက် အရေးပါသော နေရာများဖြစ်သောကြောင့် တစ်သက်တာကာလပတ်လုံး လေဖြတ်လေငန်းရောဂါ ရစေခြင်း၊ ရုတ်တရတ် အန္တရာယ်ကို ခြိမ်းခြောက်ခြင်း တို့ကိုဖြစ်ပေါ် စေပါသည်။ ထိုအခြေအနေမျိုးတွင် ကလေး၏ဦးခေါင်းလှုပ်ရှားမှုကို အကန့်အသန့်လေး တစ်ခုထား၍ လှုပ်ရှားစေပြီး ခါးကိုလိမ်၍ နောက်သို့ ကြည့်ခြင်း၊ လည်ပြန် လှည့်ကြည့်ခြင်းတို့ကို ရှောင်ရှားစေရမည်။

(ခ) ကလေး၏အရိုးများ အက်သွားခြင်း၊ ကျိုးသွားခြင်းတို့ဖြစ်ပါက ကောင်းစွာ မလှုပ်ရှားနိုင်ခြင်း၊ အလွန်အမင်းနာကျင်ခြင်းတို့ကို ဖြစ်စေပါသည်။ ထိုအခါမျိုးတွင် ကလေးကိုဖြစ်သောနေရာမှ ရွှေ့ပြောင်းခြင်းမပြုဘဲ ငြိမ်ငြိမ်လေးနေစေ၍ လိုအပ်သော ဆေးဝါးအကူအညီကို ချက်ချင်းရယူသင့်သည်။

(ဂ) အကယ်၍ ကလေးငယ်သည် သတိလစ်မေ့မြောနေပါက ကလေးကို သက်သောင့်သက်သာ အနေအထားတွင် ရှိနေစေပြီး လိုအပ်သော အကူအညီကို ချက်ချင်းရယူမည်။

(ဃ) ဒဏ်ရာမှ ဆိုရွားစွာနာကျင်ခြင်း၊ အဆစ်လွဲခြင်းသည် ပိုမိုနာကျင်ခြင်းတို့ဖြစ်ပေါ်ပါက ရေအေး သို့မဟုတ် ရေခဲနှင့် ထိုနေရာကို ၁၅ မိနစ်ခန့် စောင့်လိုက်နှင့် ကြိမ်ဖန်များစွာပြုလုပ်ပေးရမည်။ အဘယ်ကြောင့်ဆိုသော် ရေအေး၊ ရေခဲတို့သည် နာကျင်ခြင်း၊ ရောင်ရမ်းခြင်းနှင့် အနာပြဲခြင်းတို့ကို လျင်မြန်စွာ လျော့ကျစေသောကြောင့် ဖြစ်သည်။

(င) တတ်ကျွမ်းသူတို့၏ အကူအညီကို ရယူ၍ နီးစပ်ရာဆေးရုံဆေးခန်းသို့ ပို့ဆောင်ရမည်။

.

ထိခိုက်ရှနာ ရခဲ့ပါလျှင်

(က) သေးငယ်သော ထိခိုက်ရှနာအတွက်

– အနာကို သန့်ရှင်းသောရနှင့်ဆပ်ပြာတို့ကို အသုံးပြု၍ ဆေးကြောရမည်။

– အနာပတ်လည်ရှိ အရေပြားကို ခြောက်သွေ့ အောင်ထားရမည်။

– အရမ်းပြင်းထန်သော ပိုးမွှားသတ်ဆေးများမဟုတ်သည့် ဆေးများ ဥပမာ Septidine တို့ကို ဂွမ်းနှင့်တို့၍ သုတ်လိမ်းပေးရမည်။

– အနာပေါ်တွင် သန့်ရှင်းသော အ၀တ်စ၊ ဂွမ်းစတို့ကို အရင်ထားရှိပြီးအပေါ်မှ ပတ်တီးတစ်ထပ်စည်းရပါမည်။

.

(ခ) ကြီးမားသော ထိခိုက်ရှနာအတွက်

– အနာပေါ်၌မှန်စများ၊ အခြားသောပစ္စည်းများ စိုက်ဝင်နေပါက ထိုအရတို့ကို မဖယ်ရှားသင့်ပေ။ ယင်းတို့သည် သွေးထပ်မံ၍ မထွက်အောင် ကာကွယ်ပေးသောကြောင့် ဖယ်ပစ်လိုက်ပါက အနာကို ပိုမို၍ ဆိုးရွားသွားစေသည်။

– သွေးအရမ်းထွက်နေပါက ဒဏ်ရာရသောနေရာကို အထက်သို့ အနည်းငယ်မြင့်စေပြီး သန့်ရှင်းသော အ၀တ်ခေါက်လေးနှင့် အပေါ်မှ အသာအယာဖိထားပေးရမည်။ သွေးတိတ်ချိန်အထိ ဖိအားကို ထိန်းထားပေးရန် လိုအပ်သည်။

– အပင်နှင့် တိရစ္ဆာန်တို့ ရရှိသောပစ္စည်းတို့ကို အနာပေါ်သို့ တိုက်ရိုက်အသုံးပြုခြင်းသည် ကူးစက်ရောဂါတို့ကို ဖြစ်စေနိုင်သောကြောင့် ရှောင်ရှားရမည်။ – အနာပေါ်သို့ ပတ်တီးစည်ပေးနိုင်ပြီး အရမ်းတင်းကျပ်မနေစေရန် သတိထားရမည်။

– ကျန်းမာရေးဌာနသို့ အလျင်အမြန် သွားရောက်သင့်ပြီး လိုအပ်သော ဆေးဝါးကုသမှုကို ချက်ချင်းခံယူရမည်။

.

မီးလောင်ဒဏ်ရာရခဲ့ပါလျှင်

(က) အကယ်၍ ကလေး၏အ၀တ်များကို မီးစွဲလောင်ခဲ့ပါက ကလေးကို စောင် သို့မဟုတ် အခြားသော အ၀တ်ထူများနှင့် လျင်မြန်စွာရစ်ပတ်ပြီး မီးကိုငြိမ်းလိုက်ပါ။ ထိုသို့မဟုတ်လျှင်လည်းမြေပြင်တွင် လူးလိမ့်စေခြင်းဖြင့် မီးကိုငြှိမ်းသတ်လိုက်ပါ။

(ခ) မီးလောင်ထားသော နေရာကို ချက်ချင်းအေးအောင်ပြုလုပ်ပေးရမည်။ သန့်ရှင်းသောရေအေးကို များများသုံးရမည်။ အကယ်၍ မီးလောင်ဒဏ်ရာ အရမ်းပြင်းထန်များပြားပါက ကလေးကို ရေချိုးကန်၊ ရေဇလုံထဲရှိ ရေအေးအေးထဲတွင် စိမ်ထားရမည်။ မီးလောင်ဒဏ်ရာများ အေးသွားရန်အတွက် အချိန်နာရီဝက်ခန့် ကြာပေမည်။

(ဂ) မီးလောင်သောနေရာကို သန့်ရှင်းခြောက်သွေ့အောင် ထားပြီးအနာပေါ်မှ ပတ်တီးဖွဖွလေးစည်းပေးနိုင်သည်။ ဒဏ်ရာသည် အရမ်းပြဲလာလျှင် သို့မဟုတ် မီးလောင်ရည်ကြည်ဖုများပေါ်လာလျှင် နီးစပ်ရာ ကျန်းမာရေး ဆေးခန်းသို့ ပို့ဆောင်ပေးရမည်။

(ဃ) မီးလောင်ဖုများသည်အနာကိုဖုံးအုပ်ကာကွယ်ပေးထားသောကြောင့် ထိုအဖုလေးများကို ဆွခြင်းအားရှောင်ကြဉ်ရမည်။

(င) အနာပေါ်၌ လာရောက်တွယ်ကပ်နေသော အစအနလေးများကို မဖယ်မိပါစေနှင့်။ အနာပေါ်တွင်လည်း ရေအေးမှလွဲ၍ အခြားဘာနှင့်မျှ (ဥပမာ – ဖယောင်းပါသောဆေး) မထိတွေ့စေနှင့်။

(စ) ကလေးကို ဗီတာမင်စီပါဝင်သော အစားအစာနှင့်ဆေးများ၊ သစ်သီးဖျော်ရည်၊ သကြားနှင့် ဆားအနည်းငယ်ပါဝင်သောအရည်တို့ကို တိုက်ကျွေးနိုင်ပါသည်။

.

ရုတ်တရတ် အသက်ရှူကျပ်ခဲ့ပါလျှင်

(က) ကလေး၏ ဦးခေါင်း၊ လည်ပင်းတို့၌ ဒဏ်ရာရခြင်းကြောင့်ဖြစ်ပါက ဦးခေါင်းကို မရွှေ့ (မလှုပ်ရှာ) မိပါစေနှင့်။ ခေါင်းကို ဆက်ခနဲ လှည့်ခြင်းမျိုးကို မလုပ်မိစေဘဲ အလိုရှိရာဘက်သို့ ကိုယ်လုံးကိုပါ လိုက်၍ ရွှေ့ပေးရမည်။

(ခ) ကလေးသည် အသက်ရှူနေသော်လည်း သတိလစ်နေပါက သူ၏လျှာသည် အသက်ရှူလမ်းကြောင်းကို မပိတ်ဆို့ရလေအောင် ဘေးသို့အနည်းငယ်လှုပ်ရှားပေးရမည်။

(ဂ) ကလေးသည် အသက်ရှူရခက်ခဲခြင်း သို့မဟုတ် လုံးဝအသက်မရှူနိုင်ခြင်းတို့ဖြစ်ပေါ်ပါက ကလေးကို ပက်လက်အနေအထားအတိုင်းရှိနေစေရပြီးခေါင်းကို အနည်းငယ် စောင်းပေးရမည်။

(ဃ) ကလေး၏ နှာခေါင်းကို ပိတ်ပြီး ပါးစပ်မှ လေမှုတ်သွင်းခြင်းကို ကလေး၏ ရင်အုံမို့မောက်လာသည်အထိ ပြုလုပ်ရမည်။ ထို့နောက် တစ်မှသုံးအထိရေတွက်ပြီး နောက်ထပ်တစ်ကြိမ်ပြုလုပ်ရမည်။ ဤသည်ကို ကလေးအသက်ပြန်ရှူသည် အထိ ဆက်ကာလုပ်ပေးရမည်။

(င) အ၀တ်အစားထူထူ၊ ကျပ်ကျပ်နှင့် အရောင်တောက်တောက် ၀တ်ဆင်ခြင်းသည် အသက်ရှူကျပ်ခြင်းကို ပိုမိုဆိုးရွားစေသောကြောင့် အထူးသတိထားရမည်။

(စ) ကလေးကို လူအုပ်စုကြီး၏ ၀ိုင်းအုံကြည့်ရှူမှုအောက်မှ တတ်နိုင်သမျှ တားဆီးရမည်။

.

အဆိပ်အတောက်သင့်ခဲ့မည်ဆိုလျှင်

(က) အဆိပ်ရှိသောပစ္စည်းကိုမျိုချခဲ့ပါက ကလေးကိုအန်အောင် မလုပ်ပေးသင့်ပေ။ အဘယ်ကြောင့်ဆိုသော် ထိုပစ္စည်း လည်ချောင်းနှင့် အစာရေမျိုပြွန်တစ်လျှောက်ရှိ အလွှာများကိုတိုက်စားခြင်း၊ ကလေးကိုပို၍ ပင်ပန်းစေပြီး ဖျားနာခြင်းတို့ကို ဖြစ်စေပါသည်။

(ခ) အကယ်၍ အဆိပ်အတောက်သည် ကလေး၏အရေပြား၊ အ၀တ်အစားတို့အပေါ်၌ ကျသွားပါက အ၀တ်အစားကို အလျင်အမြန်ဖယ်ရှားခြင်း၊ အရေပြားကို ရေများများနှင့်လောင်း၍ ဆေးခြင်းတို့ကို ပြုလုပ်ပေးရမည်။

(ဂ) မျက်လုံးထဲသို့ ၀င်ရောက်သွးသည်ဆိုပါက မျက်လုံးကိုရေသန့်သန့်ဖြင့် ၁၀ မိနစ် ကြာအောင် ဆေးကြောပေးရမည်။

(ဃ) ကလေးကို သက်သောင့်သက်သာ အနေအထားတွင်ရှိစေပြီး ချက်ချင်းဆေးရုံ၊ ဆေးခန်းသို့ခေါ်ဆောင်သွားရမည်။

(င) ဖြစ်နိုင်မည်ဆိုပါက ကလေးနှင့်အတူ အဆိပ်၏နမူနာ သို့မဟုတ် ပုလင်းအခွံတို့ကို ယူဆောင်သွားခြင်းသည် ကုသမှုကို ပိုမိုလျင်မြန်ထိ ရောက်မှုရှိစေသည်။

(စ) ကလေးကို စိတ်လှုပ်ရှားမှုမရှိစေရန်တတ်နိုင်သမျှ ထိန်းထားပေးရန်လိုအပ်သည့် အပြင်ငြိမ်သက်စွာ နေစေရန်လည်း တတ်နိုင်သမျှ ကြိုးစားရမည်။

လင်းအရုဏ် (ဒါးက)
Arogym Magazine
December, 2007

အတော်လေးကိုကြာနေတဲ့ ဆောင်းပါးလေးပါ။ အဲဒီတုန်းက ပေးထားတဲ့စာမူက ဖော်ပြခံလိုက်ရလား၊ မရွေးလိုက်ဘူးလား မသိလိုက်ဘူး။ ဒီနေ့မှ အင်တာနက်ထဲမှာ ဓါတ်ပုံတွေရှာ၇င်းနဲ့ ဒါးက ဆိုတဲ့ စာသားကို ရိုက်ပြီးရှာလိုက်တော့ လင်းအာရုဏ်ဆိုတဲ့ နာမည်လေး ပြန်ထွက်လာတယ်။ အရမ်းဝမ်းသာသွားတယ်။ တကယ်….ဘယ်လိုဝမ်းသာမှန်းကို မသိဘူး။ ဘာကြောင့်မှန်းမသိအောင်ကို စိတ်ထဲမှာ ပျော်သွားတယ်။

အလှမ်းကွာနေတဲ့အမျိုးကို ပြန်တွေ့လိုက်ရသလိုပဲ။
း)

 

ကလေးများနှင့် အစာအဆိပ်သင့်ခြင်း August 31, 2010

Filed under: ကလေးသုတ — thetsonehnin @ 11:24 AM
Tags:

 

ကလေးများကလေးများနှင့် အစာအဆိပ်သင့်ခြင်း ရေခဲသေတ္တာထဲမှာ အရင်နေ့ကအစားအစာတွေရှိနေပါတယ်။ ကလေးက မီးဖိုချောင်ထဲဝင်လာပြီး ဆာဆာနဲ့ တွေ့ကရာအစားအစာကို အကုန်စားပစ်လိုက်တယ်။ မိခင်ဖြစ်သူပြန်နွှေးထားလား၊ မနွှေးထားလားလည်း မသိပါဘူး။ စားပြီး ၂ နာရီလောက်ကြာတော့ လက္ခဏာတွေပြလာပါတယ်။ အစာအိမ်ထဲမှာ နာကျင်မှုက လှိုင်းထနေပါတယ်။ သက်သာသွားသလို ရှိလိုက်၊ ပြန်နာလိုက်နဲ့ လုံးဝပျောက်သွားတယ်မရှိ။ ဒါဟာ အစာအဆိပ်သင့်တာပါပဲ။ အစာထဲကို တမင်သက်သက်အဆိပ်လာထည့်ထားလို့ ဒီ ပြဿနာဖြစ်ရတာ မဟုတ်ပါဘူး။ ရေခဲသေတ္တာ၊ ကြောင်အိမ်ထဲမှာ သိမ်းထားတဲ့ အစားအစာတွေမှာ ဘက်တီးရီးယားတွေပေါက်ဖွားကာ သူတို့ကြောင့် ကလေးတွေဟာ နေမကောင်းဖြစ်လာပါတယ်။ ကလေးတွေမျာ အစာ အဆိပ်သင့်ခြင်းဟာ အရမ်းမပြင်းထန်တဲ့ ခဏတဖြုတ်သာ ခံစားရတာမျိုးရှိသလို အရမ်းဆိုးရွားတဲ့ အခြေအနေတွေလည်း ဖြစ်စေပါတယ်။

.

(က) အစာအဆိပ်သင့်တယ်ဆိုတာ ဘာကိုခေါ်တာလဲ။

စားသောက်လိုက်တဲ့ အစားအစာထဲမှာ လူကို အန္တရာယ်ဖြစ်စေတဲ့ ဘက်တီးရီးယား ဒါမှမဟုတ် အဲဒီဘက်တီးရီယားရဲ့ အဆိပ်အတောက်တွေ ပါလာတဲ့အခါမှာ အစာအဆိပ်သင့်တတ်ပါတယ်။ ဘက်တီးရီးယားတွေဟာ လူတွေရဲ့ အနားပတ်ဝန်းကျင်မှာရှိနေတဲ့အတွက် သိပ်မပြင်းထန်တဲ့ အစာအဆိပ်သင့်ခြင်းမျိုးဟာ ခဏခဏကြုံတွေ့ရတတ်ပါတယ်။ မိဘတွေ အတွက် သိပ်မသိသာတဲ့ အခြေအနေမျိုးဟာ ကလေးတွေအတွက်တော့ ဝမ်းလျှောတာ၊ ဗိုက်အောင့်၊ ဗိုက်နာတာတွေဖြစ်တတ်ပါတယ်။ ကလေးဆန်ဆန်စဉ်းစားမယ်ဆိုရင်တော့ အဆိပ်သင့်နိုင်တဲ့ ပိုးကောင်တွေကို ဖယ်ထုတ်ပစ်လို့ရရင် သိပ်ကောင်းမှာပဲလို့ ထင်ကောင်းထင်နေနိုင်ပါတယ်။ ဒါဟာ မဖြစ်နိုင်တဲ့ နည်းလမ်းတစ်ခုပါ။ တကယ်လို့ လုပ်လို့ရမယ်ဆိုရင်တောင် ဒီလိုလုပ်လို့ မဖြစ်တဲ့ အကြောင်းအရင်းတွေ အများကြီးရှိနေပါတယ်။ ပိုးကောင်တွေဟာ လူတွေရဲ့ ပတ်ဝန်းကျင်မှာ ပျံနှံနေပြီး တချို့ပိုးကောင် တွေဟာ လူတွေကို အကျိုးပြုနိုင်ပါတယ်။ ဒီအချက်ကိုလည်း ပုံသေမှတ်ထားလို့ မရပြန်ဘူး။ အရင်နေ့တွေက ကျန်နေတဲ့အစားအစာတွေဟာ လူတွေအတွက် ကောင်းတယ်လို့တော့ သတ်မှတ်လို့ မရပါဘူး။ အန္တရာယ်ဖြစ်စေတဲ့ ပိုးကောင်ရှိနေတဲ့ အစားအစာတွေကို ဘယ်လိုရှောင်နိုင်သလဲဆိုကို မိဘတွေအနေနဲ့ အမြဲထည့်သွင်းစဉ်းစားရပါမယ်။

.

(ခ) ဘယ်လိုအစားအစာတွေမှာ ပိုးရှိနေလဲ

တိရစ္ဆာန်ကရတဲ့အစားအစာ၊ အသားစိမ်း၊ မကျက်တကျက်အစားအစာ၊ သေသေချာချာဆေးမကြောထားတဲ့ အစားအစာတွေမှာ ပိုးကောင်တွေ ပါတတ်ပါတယ်။ အဖြစ်များတဲ့ အစားအစာတွေကတော့ အမဲသား၊ ဝက်သား၊ ကြက်သား၊ ဥအမျိုးမျိုး၊ နွားနို့၊ ပုစွန်အပါအဝင် ပင်လယ်စာတွေကြောင့်ပါ။ ဒီလိုအစားအသောက်တွေမှာ တို့လို အကောင်တွေများစွာရှိနေတတ်ပြီး သူတို့ကြောင့် အစာအဆိပ်သင့်နိုင်ပါတယ်။ အစာအဆိပ်သင့်တာကို ကာကွယ်ဖို့အတွက်ဆိုရင် အသားစိမ်း၊ ငါးစိမ်းထားသိုတဲ့နေရာ၊ အစားအစာတွေ ပြင်ဆင်တဲ့နေရာ၊ ချက်ပြုတ်တဲ့နေရာ၊ သိမ်းဆည်းတဲ့နေရာတွေမှာ စနစ်တကျရှိဖို့လိုပါတယ်။

.

(ဂ) အစာအဆိပ်သင့်တာကို ဘယ်လိုသိနိုင်လဲ။

ပျို့အန်ခြင်း

– ဝမ်းဗိုက်ြွကက်တက်ခြင်း

– ဝမ်းလျှောခြင်း

– ဖျားခြင်း

တခါတလေမှာတော့ အစာအဆိပ်သင့်တဲ့ လက္ခဏာတွေဟာ နာရီအနည်းငယ်အတွင်းမှာပေါ်လာနိုင်ပါတယ်။ တချို့ကတော့ ရက်ပေါင်းအတော်ကြာတဲ့အထိ ဘာ လက္ခဏာမှမပြဘဲ နေတတ်ပါတယ်။ အရမ်းမပြင်းထန်တဲ့ အစာအဆိပ်သင့် ခြင်းတွေဟာ သိပ်မကြာဘဲ ပြန်ကောင်းသွားတတ်ပါတယ်။ အပေါ်မှာပါတဲ့ လက္ခဏာတွေပြတဲ့အချိန်မှာ အစာအဆိပ်သင့်တာလား တခြားပြဿနာကြောင့်လားဆိုတာကို ခွဲခြားဖို့ခက်ခဲနေရင် ဖြစ်နေတဲ့ကလေးအပြင် တခြားလူတွေကိုပါလေ့လာကြည့်ဖို့လိုပါတယ်။ တခြားအိမ်သားတွေလည်း ဒီလိုဖြစ်မဖြစ် ကလေးစားတဲ့အစားအစာတွေကို သေချာအောင် မေးမြန်းရပါတယ်။ အစာစားတဲ့ သူတွေအကုန်လုံးမှာ ဒီလက္ခဏာတွေ ရှိနေတယ်ဆိုရင်တော့ အစာအဆိပ်သင့်တာကို ပြဿနာတစ်ရပ်လို့သတ်မှတ်ပြီး ဆရာဝန်နဲ့ပြသသင့်ပါတယ်။

.

(ဃ) ဆရာဝန်တွေက ဘာလုပ်ပေးနိုင်သလဲ

ဆရာဝန်ဆီကို သွားပြတဲ့အခါ မေးခွန်တွေအများကြီးမေးပါလိမ့်မယ်။ ဘယ်လိုခံစားရသလဲ၊ ဘယ်အချိန်က စဖြစ်တာလဲ၊ လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းကဘာတွေစားခဲ့သလဲ၊ တခြားအိမ်သားတွေပါဖြစ်သလားဆိုတာမျိုးကိုအ”ကထားပြီးမေးပါလိမ့်မယ်။ ရေ”ာတ်ဆုံးရှူုံးတာ၊ခန်းခြောက်သွားတဲ့ကလေးတချို့ကလွဲရင်ဆေးရုံဆေးခန်းတွေအထိခေါ်သွားရတယ်ဆိုတာအတော်ကိုရှားပါးတယ်။ အန်ခြင်း၊ ဝမ်းသွားခြင်းတွေကြောင့် ရေ”ာတ်ဆုံးရှုံးသွားတဲ့ကလေးကို ဆေးခန်းမှာအရည်နဲ့ ဆား”ာတ်ကိုအကြောကနေ တစ်ဆင့် ထည့်သွင်းပေးနိုင်ပါတယ်။ ရေဆုံးရှုံးတာကို ကာကွယ်မယ်ဆိုရင်တော့ နေမကောင်းဖြစ်တဲ့ အချိန်မှာ ရေ ဒါမှမဟုတ် အရည်ပါတဲ့ အစားအစာတွေကို တိုက်ကျွေးရပါမယ်။ အန်တဲ့အခါဖြစ်ဖြစ်၊ ဝမ်းသွားတဲ့အခါဖြစ်ဖြစ် သွေားစသွေးနတွေပါလာရင် ဆေးရုံသွားဖို့ လိုအပ်ပါပြီ။

.

(င) ဘယ်လိုကာကွယ်ကြမလဲ

အစာအဆိပ်သင့်တာကို ကာကွယ်ပေးနိုင်တဲ့ အရာတွေကတော့အများကြီးပဲရှိပါတယ်။ အစားအစာတွေကိုပြင်ဆင်ချက်ပြုတ်ရာကနေ စားသုံးတဲ့ အထိ၊ သိမ်းဆည်းတဲ့အထိ အဲဒီသတိပေးချက်တွေကို လိုက်နာမယ်ဆိုရင် ကလေးတွေအတွက် အတော်ကိုဘေးကင်းသွားပါပြီ။ ဒီလိုသတိပေးချက်တွေကိုလူကြီးတွေကတင်လိုက်နာဆောင်ရွက်ရုံနဲ့ မပြီးသေးပါဘူး။ ကလေးတွေကိုလည်း bacteria တွေကိုကာကွယ်ဖို့ သင်ထားပေးရပါမယ်။ အရိုးရှင်းဆုံးနဲ့ အထိရောက်ဆုံးနည်းလမ်းကတော့ လက်ဆေးဖို့ပါ။ အစားအစာတွေကို မကိုင်တွယ်ခင် ကိုင်ပြီးချိန်တွေမှာလက်ဆေးပါ။ ဒီနည်းလမ်းဟာ အစားအစာတွေကနေ မိမိဆီကို မိမိဆီကနေ တခြားလူတွေဆီကို ပြန့်ပွားတာမျိုးကို ကာကွယ်နိုင်ပါတယ်။

.

နောက်တစ်ချက်ကတော့ အစားအစားတွေမစားခင် ရေဆေးဖို့ပါ။ အသီးအရွက်တွေကို အစိမ်းလိုက်မစားခင် ရေသေသေချာချာဆေးဖို့လိုအပ်ပါတယ်။ အသားငါးတွေကိုလည်း အသီးအရွက်တွေနဲ့ရောသိမ်းတာ၊မကျက်တကျက် ချက်ပြီးစားတာမျိုးကို ရှောင်ကြဉ်ရပါတယ်။ ကလေးတွေအနေနဲ့လည်း အသားဟင်းကို ဖဲ့စားတဲ့ အချိန်မျိုးမှာ မကျက်သေးရင် လူကြီးတွေကိုပြန်ပြောဖို့၊ အဲဒီအစားအစာတွေမှာဘာတွေပါသလဲ၊ ဘယ်လိုအနံမျိုးရသလဲဆိုတာကို ပြန်ပြောပြဖို့မှာထားရပါမယ်။ အစားရဲ့အနံ့၊ အရသာ၊ ပုံစံတစ်ခုခုပြောင်းလဲတာမျိုးတွေ့ခဲ့ရင် လူကြီးတွေကို မမေးမြန်ဘဲ အစားရဘူးလို့ ပြောပြထားပါ။

.

ကလေးတွေသတိထားရတဲ့ အရာဟာ နွားနို့ပါ။ အကြောင်းတစ်စုံတစ်ရာကြောင့် နွားနို့ဟာ ပျက်စီးသွားတတ်ုပါတယ်။ အရသာတို့ကြည့် လို့ချဉ်တဲ့ အရသာပေါ်လာပြီဆိုရင် ကလေးတွေကို မတိုက်သင့်တော့ပါဘူး။ အရင်နေ့က ချက်ထားတဲ့ အစားအစာကို ကလေးတွေကိုကျွေးမယ်ဆိုရင် သေသေချာချာပြန်နွှေးပြီးမှသာ ကျွေးပါ။ သိမ်းထားတုန်းကဝင်လာတဲ့ ပိုးတွေ၊ မှိုတွေကို အပူကသတ်ပေးနိုင်ပါတယ်။ နောက်ဆုံးတစ်ချက်က နေ့စွဲတွေကို သေသေချာချာစစ်ဖို့ပါ။ ပါကင်ထုပ်တားတဲ့ အစားအစာအတော်များများမှာသက်တမ်းကုန်မယ့်ရက်ပါတတ်ပါတယ်။ သတ်မှတ်ရက်ထက်ကျော်လွန်သွားတဲ့အစားအသောက်ဆိုရင်တော့ ဘယ်လောက်ပဲတန်ဖိုးကြီးနေပါစေ မစားသင့်တော့ပါဘူး။

.

အားလုံးကိုခြုံငုံပြီးပြောရရင် ကလေးတွေစားမယ့်အစာနဲ့ ပတ်သက်ပြီး အချက်နှစ်ချက်ကို အမြဲထည့်သွင်းစဉ်းစားပါ။ ဘယ်လောက်ကြာကြာသိမ်းထားသလဲနဲ့ ဘယ်အပူချိန်လောက်မှာထားသလဲ ဆိုတာကို အမြဲပြန်စိစစ်ပါ။ ကလေးဟာ လူကြီးတွေလို မကြံ့ခိုင်သေးတဲ့အတွက် အစာအဆိပ်သင့်တာ ပိုဖြစ်နိုင်တာကို အမြဲသတိချပ်သင့်ပါတယ်။

နှင်းနုလွင် (ဆေးဝါး)

အာရောဂျံ မဂ္ဂဇင်း (ဇွန်၊ ၂၀၁၀)